တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသား(ဘောလုံး)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်   ဇွန်   ၂၄ 


ကျန်းမာရေးနှင့်    အားကစား ဝန်ကြီးဌာန အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့   ပူးပေါင်း ကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသား(ဘောလုံး)ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင်  နေပြည်တော်ရှိ  ဝဏ္ဏ သိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပသည်။


တက်ရောက်


ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်   ဗိုလ်ချုပ်ကြီး မြထွန်းဦး၊       မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang      နော်တောင်၊ ဦးမောင်းဟာ၊      ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်နှင့်    ဦးရွှေကြိမ်း၊ ပြည်ထောင်စု      ဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊  ဒုတိယ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များ၊    ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဘောလုံး ဝါသနာရှင်များ   တက်ရောက်ကြ သည်။


ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ၊    ကျန်းမာရေး နှင့်    အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒေါက်တာ သက်ခိုင်ဝင်းက တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသား(ဘောလုံး)ပြိုင်ပွဲကို မြန်မာ့ဘောလုံးအားကစားအဆင့် အတန်း  တိုးတက်မြင့်မားလာစေ ရေးနှင့် သွေးသစ်လူငယ်ဘောလုံး သမားများ        စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေး၊ တိုင်းဒေသ ကြီးနှင့်    ပြည်နယ်အသီးသီးမှ ဘောလုံးအားကစားသမားများ အချင်းချင်း သွေးစည်းညီညွတ်မှု နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကား ပြန့်ပွားလာစေရေး တို့ကို   ရည်ရွယ်ကျင်းပခြင်းဖြစ် ကြောင်း။
ပြည်သူတစ်ရပ်လုံး အားကစား ကို စိတ်ပါဝင်စားပြီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက် လာစေရေးနှင့် အားကစားအဆင့် အတန်း       တိုးတက်မြင့်မားရေး အတွက် ရပ်ကွက်၊ ကျေးရွာများမှ စ၍    ခရိုင်၊   မြို့နယ်ပေါင်းစုံ  အားကစားပြိုင်ပွဲများကို   နှစ်စဉ် အားကစား    ပြက္ခဒိန်ရေးဆွဲပြီး စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုကြောင်း၊  ထို့ပြင် ကျောင်းသား အားကစားပြိုင်ပွဲများနှင့် ဝန်ကြီး ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရေး    စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း။


မြန်မာ့ဘောလုံးအားကစား အရှေ့တောင်အာရှနှင့် အာရှဒေသ နယ်ပယ်တွင်     အောင်မြင်စွာ ရပ်တည်နိုင်ရေးသည်   ပြည်သူ တစ်ရပ်လုံး၏  လိုလားချက်ဖြစ် သည်နှင့်အညီ   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရည်မှန်း ချက်တစ်ရပ်အဖြစ်     အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊   ယနေ့  ကျင်းပမည့် တိုင်းဒေသကြီးနှင့်   ပြည်နယ် လူငယ်ဘောလုံးပြိုင်ပွဲမှ ထူးချွန် ထက်မြက်သည့်      သွေးသစ် ဘောလုံးသမားများ ပေါ်ထွက်လာ စေရေးအတွက် မြန်မာ့လက်ရွေးစင် လူငယ်ဘောလုံးအသင်းက သွေးသစ် လူငယ်ဘောလုံးကစားသမားများ ကို ရွေးချယ်လေ့ကျင့်ပေးပြီး နိုင်ငံ့ ကိုယ်စားပြု ပါဝင်ကစားနိုင်သည် အထိ     အောင်မြင်မှုများရရှိနိုင် ရန်     လေ့ကျင့်ပေးသွားမည်ဖြစ် ကြောင်း။


ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့်   အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ယှဉ်ပြိုင်ကစားကြ ရန်နှင့်    ဒိုင်လူကြီးများအနေဖြင့် လည်း ဘက်လိုက်မှုကင်းရှင်းပြီး သတ်မှတ်ထားသည့်     ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တရားမျှတမှန်ကန်စွာ  ဆုံးဖြတ် ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားကာ ၂၀၂၁ ခုနှစ် တိုင်းဒေသ ကြီးနှင့်    ပြည်နယ်  အသက် ၂၁ နှစ်အောက် အမျိုးသား (ဘောလုံး) ပြိုင်ပွဲကို  ဖွင့်လှစ်ပေးသည်။


ယနေ့ပွဲစဉ်အဖြစ်         ရှမ်း ပြည်နယ်အသင်းနှင့် ရခိုင်ပြည် နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြ ရာ      ရခိုင်ပြည်နယ်အသင်းက နှစ်ဂိုး  ဂိုးမရှိဖြင့်     အနိုင်ရရှိသွား ကြောင်း သိရသည်။ 


တိုင်းဒေသကြီးနှင့်   ပြည်နယ် အသက် ၂၁ အောက် အမျိုးသား (ဘောလုံး) ပြိုင်ပွဲ များကို  ဇွန် ၂၄ ရက်မှ ဇူလိုင် ၈ ရက်အထိ ဝဏ္ဏသိဒ္ဓိ လေ့ကျင့်ရေးကွင်း(၁)နှင့် ကွင်း(၃) တို့၌ နံနက် ၇ နာရီနှင့် ညနေ ၃ နာခွဲတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပြီး ဘောလုံးအားကစားနည်း ကို   စိတ်ပါဝင်စားသူ  မိဘပြည်သူ များအနေဖြင့်  အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။   


သတင်းစဉ်