တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများ  အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သု၀ဏ္ဏ၌ ကျင်းပရန်စီစဉ်နေ   


 

ရန်ကုန်   ဒီဇင်ဘာ  ၁၄ 
ရန်ကုန်တိုင်း‌ဒေသကြီး  သင်္ဃန်းကျွန်းမြို့နယ် အမျိုး သား  အားကစားပြိုင်ပွဲရုံ(၁)  သု၀ဏ္ဏ၌  တိုင်း‌ဒေသ ကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများ ကျင်းပရန် စီစဉ်နေကြောင်း   ယနေ့နံနက်က   ကျင်းပသည့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သု၀ဏ္ဏအဆင့်မြှင့် တင်ပြီး   လွှဲပြောင်းအပ်နှံခြင်း   အခမ်းအနားတွင် အားကစားနှင့်   ကာယပညာဦးစီးဌာန  ယှဉ်ပြိုင်‌ လေ့ကျင့်‌ရေးဌာနခွဲ(၁)မှ  ညွှန်ကြားရေးမှူး ဦးခွန်ဂျာ အောင်က ပြောကြားသည်။ 
“ဒီအားကစားရုံပြီးသွားတာ အများကြီး အကျိုး ရှိပါတယ်။    ဒီရုံကြီးကို     နှစ်နှစ်ရည်မှန်းချက်နဲ့ ဆောက်တယ်။    ပြိုင်ပွဲတွေလည်း  အကုန်နားထား ရတယ်။  အခြားနိုင်ငံတကာနဲ့  ပတ်သက်တာတွေ ရော ပြည်တွင်းပြိုင်ပွဲတွေရော တော်တော်နားထား ပါတယ်။              
ဒီလိုမျိုး   ပြုပြင်အဆင့်မြှင့်တင်ပြီးတဲ့အခါကျတော့ ၂၀၂၂ခုနှစ် ဇန်နဝါရီလမှာ ပြိုင်ပွဲတွေစလုပ်ဖို့ အစီ အစဉ်ရှိပါတယ်။ နိုင်ငံတကာပြိုင်ပွဲကတော့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ကျွန်တော်တို့ မပြော နိုင်သေးဘူး။ ပထမဆုံးတော့  ပြည်နယ်နဲ့ တိုင်းဒေသ ကြီး     ပြိုင်ပွဲတွေစလုပ်ဖို့တော့     စီစဉ်နေပါပြီ။   ပြက္ခဒိန်ရေးဆွဲပြီး   စလုပ်နေပါပြီ။   ဒီရုံအကြောင်း ပြောမယ်ဆိုရင်တော့  နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့လုပ်တာ၊ လုပ်ထားတာတော့ကြာပြီ။ ကြားမှာ ခဏ ရပ်သွားတာ။ နောက်ပြန်ပြီး တော့ ၂၀၁၆၊  ၂၀၁၇၊  ၂၀၁၈  မှာ  ပြန်စတဲ့အခါမှာ ကျွန်တော်တို့က ပြန်ပြီး တော့ လက်မှတ်တွေရေးထိုးပြီး နှစ်နှစ်စီမံကိန်းနဲ့  ဆောက်တာ။  ဒီနေ့ကတော့ ကျွန်တော်တို့ လွှဲတာ ပေါ့။    နောက်ဒီရုံကို   ကျွန်တော်တို့  အသုံးချပြီး    အားကစားကို  ပိုမိုတိုးတက်အောင်  လုပ်ဆောင်ဖို့   တွန်းအားတစ်ရပ်လို့   ပြောချင်ပါ တယ်”ဟု  ၎င်းက ဆက်လက်‌ပြောသည်။    
အဆိုပါအားကစားရုံ   အဆင့်မြှင့်တင်ခြင်းကို ၂၀၁၉ ခုနှစ် ဇူလိုင်  ၃၁ ရက်မှစတင်ကာ  ၂၀၂၁  ခုနှစ် အောက်တိုဘာ  ၁၁  ရက်တွင်   ပြီးစီးခဲ့ရာ  တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် ယွမ်သန်း ၂၂၀ အကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ အား တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့  ချစ်ကြည်ရင်းနှီးမှု အထိမ်း အမှတ်အဖြစ် ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆‌ အောက်တိုဘာ ၂၅ ရက်တွင် အောင်မြင်စွာ ဖွင့်လှစ်၍ စတင်အသုံးပြု ခဲ့ကြောင်း သိရသည်။
ယင်းအားကစားရုံသည် ပရိသတ် ၁၀၈၀၀ ကျော် ဆံ့ပြီး   နိုင်ငံတကာအဆင့်   အားကစားပြိုင်ပွဲများ၊  ပြည်တွင်းအားကစားပြိုင်ပွဲများနှင့်   အခမ်းအနား ပေါင်းများစွာကို    ကျင်းပဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း သိရသည်။ 
အာကာစိုး၊ ဓာတ်ပုံ-တင်စိုး