
နေပြည်တော် ဩဂုတ် ၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး SINOPHARM ဆေးကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းမှ ယနေ့မွန်းလွဲပိုင်းတွင် မြေပြင် ခရီးလမ်းကြောင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်လက် ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့သို့ ဆေးအလုံးရေ ၁၅၂၀၀ နှင့် ကရင်ပြည်နယ် ဘားအံ မြို့သို့ ဆေးအလုံးရေ ၁၀၇၀၀ တို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေး သည်။
ထိုသို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည် အုပ်စု လူဦးရေဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန် ဆုံး ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းအတွက် သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း အချိန်နှင့် တစ်ပြေးညီ ဖြန့်ဖြူးပေးခြင်းဖြစ်သည်။
အလားတူ ဝေးလံခက်ခဲသော ဒေသများသို့ တပ်မတော်(လေ)ရှိ ပို့ဆောင်ရေးလေယာဉ်များနှင့် မြန်မာ့ လေကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်းခရီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်