
နေပြည်တော် နိုဝင်ဘာ ၁၈
ယခုအချိန်အခါတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင် မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ တပ်မတော်သားများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူ အားလုံးတို့က နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက် လျက်ရှိကြပြီး အပတ်စဉ် စနေ နေ့တိုင်းတွင်လည်း မိမိတို့၏ မြို့၊ ရွာများရှိ ဆေးရုံ၊ ဆေးခန်းများ၌ ခြင်၊ ယင် ပေါက်ပွားမှုမရှိစေရေး နှင့် ဆေးရုံတက်ရောက် ကုသနေ သောလူနာများအား လေကောင်း လေသန့်ရရှိစေရန် ချုံနွယ်၊ ပေါင်း မြက်များ ခုတ်ထွင်ရှင်းလင်း ခြင်းများကို အားတက်သရော ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် အရှေ့ ပိုင်း မိုင်းပျဉ်းမြို့နှင့် မိုင်းခတ်မြို့တို့ ၌ လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြိတ်မြို့နယ်၌ လည်းကောင်း ၊ ရန်ကုန် တိုင်းဒေသကြီး တာမွေမြို့နယ် နှင့် မှော်ဘီမြို့နယ်တို့၌ လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်တို့ ၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီးအတွင်းရှိ တောင်ငူမြို့နယ်၌ လည်းကောင်း ဒေသခံပြည်သူ များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင် သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များက ဆေးရုံ၊ ဆေးခန်းများရှိ ခြင်ခိုအောင်းနိုင် သောချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက် များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်း များ တူးဖော်ပေးခြင်း၊ ဆေးရုံးဝင်း အတွင်း/ အပြင် သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းနှင့် ခြင်၊ ယင် ပိုးမွှားများ ပေါက်ပွားမှုမရှိစေရန် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဝန်ကြီး ချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်