တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်ဖြန့်ဖြူး

 

ရန်ကုန်  နိုဝင်ဘာ  ၁၄


ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများကို  တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးသို့  သတ်မှတ်အအေး လမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold  Chain Delivery  Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။

 


ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်  မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး  ဦးစီးဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း ၌ထားရှိသော  ဆေးတစ်လုံးလျှင် နှစ်ဦးထိုးနိုင်သော   Sinovac ကာကွယ်ဆေးများကို    မကွေး တိုင်းဒေသကြီး    မကွေးမြို့သို့ Sinovac ဆေး ၈၈၃၃၂ လုံးနှင့် ဆေးထိုးအပ်များ၊ ပဲခူးတိုင်းဒေသ ကြီး ပြည်မြို့သို့ Sinovac ဆေး ၆၉၅၁၆ လုံးနှင့် ဆေးထိုးအပ်များ၊ ရှမ်းပြည်နယ်   (တောင်ပိုင်း)တောင်ကြီးမြို့သို့ Sinovac ဆေး ၃၆၃၄၈ လုံးနှင့် ဆေးထိုးအပ်များ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ သို့  Sinovac ဆေး ၂၂၃၈၅၆လုံးနှင့်  ဆေးထိုးအပ်များတို့ကို     Cold Chain   Delivery  Logistics မော်တော်ယာဉ်ကြီးများဖြင့်   ပို့ ဆောင်ပေးခဲ့ရာ  တာဝန်ရှိ သူများက    လက်ခံရယူခဲ့ကြောင်း နှင့်  သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်