တိုင်းဒေသကြီးများနှင့် ပြည်နယ် မြို့ကြီးများသို့   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များ ပို့‌ဆောင်ဖြန့်ဖြူး

 

 

နေပြည်တော် အောက်တိုဘာ ၁၉


ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm များကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း  တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင် ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုသိုလှောင်ခန်းမှ ဆေးတစ်လုံးလျှင် လူငါးဦးထိုးနှံနိုင်သော   Sinopharm   ဆေးများအား    နေပြည်တော်ကောင်စီ နေပြည်တော်သို့ ၇၅၅၉ လုံးနှင့် ဆေးထိုးအပ် ၂၉၂၀၈၉ ချောင်း၊  ဧရာ၀တီတိုင်းဒေသ ကြီး ပုသိမ်မြို့သို့ ၈၂၇၉၄ လုံးနှင့်  ဆေးထိုးအပ် ၈၅၅၅၂၅ ချောင်း၊  ကရင်ပြည်နယ် ဘားအံမြို့သို့ ၉၂၈၅ လုံး၊  မွန်ပြည်နယ်  မော်လမြိုင်မြို့သို့ ၇၄၃၇၃ လုံးနှင့် ဆေးထိုးအပ် ၅၂၉၅၅၅ ချောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ၄၈၇၈၅ လုံးနှင့် ဆေးထိုးအပ် ၃၅၀၉၈၅ ချောင်း၊  ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့သို့ ၉၁၃၁၇ လုံးနှင့် ဆေးထိုးအပ် ၉၄၁၆၉၆ ချောင်း၊  မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့သို့ ၁၁၄၂၈၉ လုံးနှင့် ဆေးထိုး အပ် ၈၃၀၆၃၂ ချောင်း၊  ပဲခူးတိုင်းဒေသကြီး  ပြည်မြို့သို့  ၄၅၅၇၇ လုံးနှင့် ဆေးထိုးအပ် ၃၀၀၀၀၀ ၊  ပဲခူးမြို့သို့ ၆၂၂၄၂ လုံးနှင့် ဆေးထိုးအပ် ၃၈၃၀၄၅ ချောင်း၊  စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့သို့ ၃၁၈၈၂ လုံး၊  ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့သို့ ၂၈၉၆၂ လုံးနှင့် ဆေးထိုးအပ် ၂၇၈၄၂၅ ချောင်းတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်