တိုင်းဒေသကြီးများနှင့် ပြည်နယ် မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOPHARM ဆေးကို တပ်မတော်လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

 

နေပြည်တော် ဩဂုတ် ၅


တရုတ်ပြည်သူ့သမ္မတ    နိုင်ငံမှ ရောက်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   SINOPHARM ဆေးကို     ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်   မင်းဓမ္မလမ်း ရှိ      ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊     ဗဟိုကာကွယ်ဆေး သိုလှောင်ခန်းမှ      Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများ၊     တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် တိုင်းဒေသကြီးနှင့်  ပြည်နယ်များ သို့ ဆက်လက်ဖြန့်ဖြူးပေးလျက် ရှိသည်။

 


ထို့သို့ ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် စစ်တွေ မြို့သို့ ဆေးအလုံးရေ ၇၈၁၂ လုံး၊ ဆေးထိုးအပ် ၁၅၆၂၄ ခု ၊ သံတွဲမြို့ သို့   ဆေးအလုံးရေ ၄၄၈၈ လုံး ၊ ဆေးထိုးအပ် ၈၉၇၆ ခု ၊ စစ်တွေ မြို့ရှိ    နယ်မြေခံဆေးတပ်ရင်း အတွက်  ဆေးအလုံးရေ ၄၇၀၀ ၊ ဆေးထိုးအပ် ၉၄၀၀ ၊  အမ်းမြို့ရှိ တပ်မတော်ဆေးရုံသို့ ဆေးအလုံး ရေ ၃၀၀၀ ၊ ဆေးထိုးအပ် ၆၀၀၀၊ ချင်းပြည်နယ်    ပလက်ဝမြို့သို့ ဆေးအလုံးရေ ၁၆၂၂ လုံး ၊ ဆေး ထိုးအပ် ၃၂၄၄ ခု ၊ ရှမ်းပြည် နယ်အရှေ့ပိုင်း    ကျိုင်းတုံမြို့သို့ ဆေးအလုံးရေ ၇၉၃၀ ၊ ဆေးထိုး အပ် ၁၅၈၆၀ ၊ တနင်္သာရီ တိုင်း ဒေသကြီး ထားဝယ်မြို့သို့  ဆေး အလုံးရေ ၇၀၀၊    ဆေးထိုးအပ် ၁၄၀၀ ၊ မြိတ်မြို့သို့ ဆေးအလုံးရေ ၃၂၀၀ ၊ ဆေးထိုးအပ် ၆၄၀၀ ၊ မြိတ် မြို့ရှိ  နယ်မြေခံဆေးတပ်ရင်းသို့ ဆေးအလုံးရေ ၅၀၀၀ ၊ ဆေးထိုး အပ် ၁၀၀၀၀ တို့ကို တပ်မတော် လေယာဉ်ဖြင့်    ပို့ဆောင်ပေးပြီး အဆိုပါ     နေရာများမှတစ်ဆင့် သက်ဆိုင်ရာ      နေရာများသို့ တပ်မတော်    ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့်   ဆက် လက်ပို့ဆောင်   ဖြန့်ဖြူးပေးမည် ဖြစ်သည်။ 

 


ထိုသို့    ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု  လူဦးရေဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူ များသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ် ပြီး ဝေးလံခက်ခဲသောဒေသများသို့ တပ်မတော် (လေ) ရှိ  ပို့ဆောင်ရေး လေယာဉ်များနှင့်    မြန်မာ့လေ ကြောင်းတို့​၏    အကူအညီများရ ယူကာ လေကြောင်းခရီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးသွားမည် ဖြစ်သည်။

သတင်းစဉ်