တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများ၌ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံမှုရှိစေရေး ကြိုတင်ဖြည့်ဆည်း

 

ပဲခူး  စက်တင်ဘာ   ၁၅


ပဲခူးတိုင်းဒေသကြီး    ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်   အရေး ပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၂၀/၂၀၂၁)ကို  စက်တင်ဘာ   ၁၄   ရက်က တိုင်းဒေသကြီး       အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ  အစည်းအဝေး ခန်းမ၌ Online    Zoom   Meeting  System ဖြင့် ကျင်းပသည်။ 


ရှေးဦးစွာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးမျိုးဆွေဝင်းက   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်      အစိုးရအဖွဲ့၊ ဒုတိယဝန်ကြီးချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာ  (၁၂)  ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း  အစည်းအဝေး လမ်းညွှန်ချက်များကို ဖတ်ကြား ရှင်းလင်းပြီး         တိုင်းဒေသကြီး အတွင်း   ပြည်သူ့ဆေးရုံများရှိ ICU (အထူးကြပ်မတ်ကုသဆောင်)များတွင် ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ    ပြည့်စုံမှုရှိ စေရေး       ကြိုတင်ဖြည့်ဆည်း ဆောင်ရွက်ထားရန်၊     Facility Quarantine Center အဖြစ် အသုံး ပြုခဲ့သော တက္ကသိုလ်၊ ကောလိပ်/ဒီဂရီကျောင်းများ၊       စာသင် ကျောင်းများ၊ သင်တန်းခန်းမများ၊ အားကစားခန်းမများ ပျက်စီးနေမှု ရှိပါက မူလအတိုင်း    ပြန်လည် ပြင်ဆင်ဆောင်ရွက်ပေးထားရန် နှင့် အသုံးမပြုတော့သည့် Facility Quarantine  Center  နှင့် ကုသ ရေးစင်တာများကို   လိုအပ်ပါက အသင့်အသုံးပြုနိုင်ရေး စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားရန်၊ တိုင်းဒေသကြီးအတွင်း ရောဂါပိုး ကူးစက်မှု   လျော့နည်းလာခြင်း ကြောင့် ပြည်သူများ  ပေါ့ဆစွာ နေထိုင်သွားလာမှု၊    လူစုလူဝေး မရှိစေရေးနှင့်   ရုံးများပြန်လည် ဖွင့်လှစ်ပြီဖြစ်၍ ရုံးတက်ရောက် သည့်ဝန်ထမ်းများအားလုံး ကိုဗစ်- ၁၉  ကျန်းမာရေးညွှန်ကြားချက် စည်းကမ်းများနှင့်အညီ နေထိုင် သွားလာနိုင်ရေး           စစ်ဆေး ကြပ်မတ်ဆောင်ရွက်ရန်၊ အသက် (၅၅) နှစ်နှင့်အထက်နှင့်    အခြား ဦးတည်အုပ်စုများအတွက်  ကိုဗစ်- ၁၉   ရောဂါ ကာကွယ်ဆေးများ ရောက်ရှိလာပြီဖြစ်၍       မြို့နယ် အလိုက်  ဆေးထိုးစုရပ်များအား လုံခြုံရေးအမြင်ဖြင့်     ရွေးချယ် ဆောင်ရွက်သွားရန်နှင့် လုံခြုံရေး၊  ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ၌ လုံခြုံရေး   CCTV   ကင်မရာ များ  တပ်ဆင်ဆောင်ရွက်သွားရန်   ပြောကြားသည်။


ထို့နောက်       တိုင်းဒေသ ကြီး    ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟက တိုင်းဒေသကြီး အတွင်း  နေ့အလိုက်  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်     ကာကွယ် ဆေးရောက်ရှိ ထိုးနှံမှုအခြေအနေ များကိုလည်းကောင်း၊ တိုင်းဒေသ ကြီး ဝန်ကြီးများက  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်   အရေး ပေါ် တုံ့ပြန်နိုင်ရေးအကြံပြုချက် များကိုလည်းကောင်း၊       ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များက  မြို့နယ်အလိုက် ဆောင် ရွက်လျက်ရှိသည့်    ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများနှင့်     သီးခြား လိုအပ်ချက်များကို လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြရာ     တိုင်း ဒေသကြီးဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း         သတင်းရရှိ သည်။


သတင်းစဉ်