တိုင်းဒေသကြီးအတွင်း မြို့ပြ၊ ကျေးလက်ကွာဟမှုများ လျော့နည်းစေရေး ဆောင်ရွက်ပေးကြရန်မှာကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ


နေပြည်တော်   ဖေဖော်ဝါရီ   ၁၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်    ဌာနဆိုင်ရာတာဝန်ရှိသူများအား   ယနေ့   မွန်းလွဲပိုင်းတွင်   နယ်မြေခံတပ်ဌာနချုပ် ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မကွေး တိုင်းဒေသကြီး    ဝန်ကြီးချုပ်၊  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊  ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ခရိုင်အုပ်ချုပ်ရေးမှူးများက မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်ထားရှိမှုနှင့် မြစ်ချောင်းများအတွင်း ငါးသားပေါက်များ   စိုက်ထည့်နိုင်ရေး ဆောင်ရွက် လျက်ရှိမှုအခြေအနေ၊    ဆိတ်မွေးမြူရေးအတွက် သမဝါယမအသင်းအဖွဲ့များဖွဲ့စည်း၍  မွေးမြူရေး လုပ်ငန်းများ  ဆောင်ရွက်သွားမည့် အခြေအနေ၊      ဝါသီးနှံများစိုက်ပျိုးမှုအခြေအနေ၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပြီးစီးမှုအခြေအနေ၊ နယ်မြေ လုံခြုံရေးနှင့်    တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။ 


ပိုမိုအကျိုးဖြစ်ထွန်းမည်


ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံ      အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြစ်ချောင်းများအတွင်း ငါးများစနစ်တကျစိုက်ထည့် ရန် လိုအပ်ကြောင်း၊  နွားနှင့်ဆိတ်များ မွေးမြူရာတွင် လည်း လှောင်မွေးသည့်စနစ်ဖြင့်မွေးမြူမည်ဆိုပါက မွေးမြူရေးပိုင်းတွင်သာမက  စိုက်ပျိုးရေးလုပ်ငန်းများ အတွက်လိုအပ်သည့် သဘာဝဓာတ်မြေဩဇာများပါ ရရှိမည်ဖြစ်သဖြင့်     ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ် ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း အသားတိုး ကြက်များသာမက ဥစားကြက်များကိုပါ အရေအတွက် များများ မွေးမြူသင့်ကြောင်း၊  ကြက်များမွေးမြူရာတွင် ခေတ်မီမွေးမြူရေးစနစ်ဖြစ်သည့်  လေအေးပေးစနစ် Evaporation Type  ဖြင့်မွေးမြူပါက ပိုမိုဖြစ်ထွန်း သည်ကို  တွေ့ရှိရကြောင်း၊  အဆိုပါလေအေးပေး စနစ်ကို နေသာသည့်ရက်များတွင် ဆိုလာစနစ်ဖြင့် လည်း အသုံးပြု၍ရကြောင်း၊ ပြည်သူများ အာဟာရ ပြည့်ဝစွာစားသုံးနိုင်ရေး  အသား၊  ငါးနှင့်  ဥများ ဈေးနှုန်းသက်သာစွာဖြင့်    ဝယ်ယူရရှိနိုင်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊   သာမန်လူတစ်ဦး အနေဖြင့် တစ်ရက်လျှင် အသား   ၁၀ ကျပ်သားခန့်၊ ကြက်ဥ သုံးလုံးခန့်   စားသုံးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းရှိ မြစ်ချောင်းများအတွင်း ငါးမျိုးများ စိုက်ထည့်ပေး လျက်ရှိကြောင်း။
ဆီထုတ်လုပ်မှုနှင့်ပတ်သက်၍  ဆီကြိတ်စက် များ ခေတ်မီအောင်ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့ နိုင်ငံရှိဆီကြိတ်စက်များသည်  ဆီထုတ်လုပ်ရာတွင် ဆီကုန်အောင် ကြိတ်နိုင်မှုမရှိသေးသဖြင့် တိရစ္ဆာန် အစာအတွက်ကုန်ကြမ်းဖြစ်သည့်     ကြိတ်ဖတ်များ တွင်  ဆီများကျန်ရှိနေသေးသည်ကို   တွေ့ရှိရပြီး စနစ်တကျဖြင့်ကြိတ်ခွဲနိုင်ရေး ဆောင်ရွက်ကြရန်နှင့် ကြိတ်ဖတ်များမှ    မြေဩဇာနှင့်  တိရစ္ဆာန်အစာ ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မကွေးတိုင်း ဒေသကြီးအတွင်း၌ ထန်းပင်များ  များစွာရှိသည်ကို တွေ့ရှိရကြောင်း၊ ထန်းပင်သည် မြန်မာတို့၏ ရှေး ယခင်ကပင်ရှိခဲ့သည့်  ရိုးရာယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပြီး    ထန်းပင်များနှင့်   ထန်းထွက်ကုန်များ    ပျောက်ပျက်မှုမရှိစေရေး  ထိန်းသိမ်းရန်လိုကြောင်း၊ ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း  တစ်ဧကအထွက် နှုန်းများ ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန် လိုကြောင်း။


စက်မှုလယ်ယာစနစ်ဖြင့် ဆောင်ရွက်


သစ်တောသစ်ပင်များ ပေါများစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်   စိုက်ပျိုး ကြရန်လိုကြောင်း၊     စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  ဧကကွက်များဖြင့်   စိုက်ပျိုး၍    စက်မှုလယ်ယာစနစ်ဖြင့်   အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊       နိုင်ငံတော်ပိုင် လယ်ထွန်စက်စက်ရုံများမှ     လယ်ထွန်စက်များ ထုတ်လုပ်ရန်လိုသကဲ့သို့ ပုဂ္ဂလိကပိုင်စက်ရုံများကို လည်း    မြေတောင်မြှောက်ပေးရန်   လိုကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင်လည်း      အရည်အသွေး ကောင်းမွန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူ များသုံးစွဲနိုင်ရေး   ဆောင်ရွက်ပေးရန်လိုကြောင်း၊ စက်မှုလယ်ယာစနစ်အား     ဖော်ဆောင်ရာတွင် ကုန်ထုတ်လမ်းများပါ    ထည့်သွင်းဆောင်ရွက်ပေးရန် လိုကြောင်း၊ စက်မှုလယ်ယာစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့်    အလုပ်သမားရှားပါးမှု ပြဿနာများကိုလည်း ပြေလည်စေမည်ဖြစ်ကြောင်း။


ထိန်းသိမ်းရန်လို


တိုင်းဒေသကြီးအတွင်း     မော်တော်ယာဉ် မတော်တဆမှုများ      လျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာ စေရေး  ထိန်းသိမ်းရန်လိုကြောင်း၊  စည်းကမ်းများ မသိရှိခြင်းနှင့် သတိလက်လွတ်ဖြစ်မှုများကြောင့် ယာဉ်မတော်တဆမှုများ   ဖြစ်ပွားလျက်ရှိကြောင်း၊ လမ်းညွှန်အမှတ်အသားများနှင့် လမ်းညွှန်ဆိုင်းဘုတ် များကို စနစ်တကျဖြင့်စိုက်ထူထားရန်လိုကြောင်း၊ အလားတူ တရားမဝင် မော်တော်ယာဉ်များ စီးနင်းမှု မရှိစေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းသူများအနေ ဖြင့်လည်း ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျ အသုံး ပြုစေရေး   ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ယာဉ်မောင်းလိုင်စင်များကိုလည်း စနစ်တကျထုတ်ပေး ရန်လိုကြောင်း၊     လမ်းများပျက်စီးမှုမရှိစေရေး အတွက် ကုန်တင်ယာဉ်များ  တန်ပိုတင်ဆောင်မှုမရှိ စေရေးနှင့် ကုန်များအား စနစ်တကျဖြင့်တင်ဆောင်မှု ရှိစေရေး သတ်မှတ်စည်းကမ်းများအတိုင်း ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း။


တိုင်းဒေသကြီးအတွင်း မြို့ပြ၊ ကျေးလက်ကွာဟ မှုများ  လျော့နည်းစေရေး  ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ ထို့ကြောင့် ကျေးလက်ဒေသများ ဖွံ့ဖြိုး ရေးအတွက် ဆောင်ရွက်ပေးပြီး လိုအပ်ချက်များကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးရန်လိုကြောင်း၊  အုပ်ချုပ်ရေးပိုင်း၌  ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် သာ ဆောင်ရွက်လျက်ရှိ၍ ဥပဒေအရပေးထားသည့် လုပ်ပိုင်ခွင့်များအတိုင်း   ဆောင်ရွက်ရန်လိုကြောင်း၊ အုပ်ချုပ်သည့်အစိုးရအဖွဲ့အနေဖြင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့်     တိုင်းဒေသကြီးအဆင့်ဆင့်တို့တွင် ဥပဒေနှင့်အညီ ပြည်သူများ၏ ကောင်းကျိုးအတွက် ဆောင်ရွက်ပေးရန်လိုသဖြင့်   လုပ်သင့်သည့်အရာ အားလုံး   လုပ်ဆောင်ရန်လိုကြောင်းဖြင့်   မှာကြားခဲ့ ကြောင်း သိရသည်။                        

   သတင်းစဉ်