
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၉ / ၂၀၂၂
၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက်
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များအဖြစ် ခန့်အပ်တာဝန် ပေးလိုက်သည် -
(၁) ဦးဇော်မျိုးတင် ကယားပြည်နယ်
(၂) ဦးစိုးသိန်း ရန်ကုန်တိုင်းဒေသကြီး
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး