
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၈ / ၂၀၂၂
၁၃၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅ ရက်
(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်များ တာဝန်မှ အနားယူခွင့်ပြုခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်များအား တာဝန်မှအနားယူခွင့်ပြုလိုက်သည် -
(၁) ဦးခင်မောင်ဦး(ခ)ဘူးရယ် ကယားပြည်နယ်
(၂) ဦးလှစိုး ရန်ကုန်တိုင်းဒေသကြီး
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး