
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကာကွယ်ရေးဝန်ကြီးဌာန
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့
အမိန့်ကြော်ငြာစာအမှတ်၊ ၂ /၂၀၂၄
၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက်
(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်သူ့ စစ်မှုထမ်းဥပဒေ ပုဒ်မ ၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းလိုက်သည်-
(က) ဝန်ကြီးချုပ် ဥက္ကဋ္ဌ
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့
( ခ ) ဒုတိယတိုင်းမှူး ဒုတိယဥက္ကဋ္ဌ(၁)
သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်
( ဂ) လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဒုတိယဥက္ကဋ္ဌ(၂)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့
(ဃ) လူမှုရေးရာဝန်ကြီး အဖွဲ့ဝင်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့
( င ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ် အဖွဲ့ဝင်
( စ ) ဦးစီးဗိုလ်မှူးကြီး(စစ်ရေး) အဖွဲ့ဝင်
သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်
(ဆ) ရဲတပ်ဖွဲ့မှူး အဖွဲ့ဝင်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့
( ဇ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးမှူး အဖွဲ့ဝင်
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
(ဈ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး အတွင်းရေးမှူး
ဥက္ကဋ္ဌ
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့