
“ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာ စေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရက ဦးစားပေးအစီအစဉ် အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အောက်တိုဘာ ၁၇ ရက်က တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်များ၌ ထိုးနှံပေးသည့် မြင်ကွင်းများကို စုစည်းဖော်ပြလိုက်ပါသည်။
စာတည်း