တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများ စမ်းဝတီ သဘာဝမြေဩဇာစက်ရုံကို ကြည့်ရှုလေ့လာ

 

နေပြည်တော်   ဩဂုတ်   ၁၁


တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများသည်  ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်  လယ်သာကျေးရွာရှိ ရွှေကမ္ဘာငွေစုငွေချေး သမဝါယမအသင်းနှင့်   စမ်းဝတီ မွေးမြူရေးနှင့်   သဘာဝမြေဩဇာထုတ်လုပ်ရေး  သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေသော စမ်းဝတီ သဘာဝမြေဩဇာစက်ရုံကို ကြည့်ရှုလေ့လာကြသည်။

 


ရှေးဦးစွာ       သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး  ဝန်ကြီးဌာန ဒုတိယဝန်ကြီး       ဦးမြင့်စိုးက စမ်းဝတီ    သဘာဝမြေဩဇာ ထုတ်လုပ်ခြင်းလုပ်ငန်း   စတင် ပေါ်ပေါက်လာပုံ၊         သမဝါယမ အသင်း  ဖွဲ့စည်းပေးမှု၊     ဈေးကွက် ရှာဖွေချိတ်ဆက်ပေးမှု၊         အခြေခံ သမဝါယမအသင်းများမှ  တစ်ဆင့် အသင်းသား တောင်သူများထံသို့ သီးနှံပေါ်ပေးစနစ်ဖြင့်    ဖြန့်ဖြူး ရောင်းချနေမှုနှင့်     သမဝါယမ အသင်းသား       တောင်သူများ အတွက်    သဘာဝမြေဩဇာများ ထောက်ပံ့ပေးမှုကို  လည်းကောင်း၊ စိုက်ပျိုးရေး၊       မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး    ဒေါက်တာအောင်ကြီးက စမ်းဝတီ  နို့စားနွား  မွေးမြူရေးခြံ စတင်ပေါ်ပေါက်လာပုံ၊     နို့စားနွား များ      မွေးမြူထားမှု၊      နွားစာများ စိုက်ပျိုးထုတ်လုပ်မှု၊  နို့နှင့် နို့ထွက် ပစ္စည်းများ         ထုတ်လုပ်နေမှု၊ သမဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနနှင့်    ပူးပေါင်း၍ လိုအပ်သည်များကို    ပေါင်းစပ် ကူညီဆောင်ရွက်ပေးမည့်    အခြေ အနေများကို       လည်းကောင်း၊ စမ်းဝတီ  မွေးမြူရေးနှင့်   သဘာဝ မြေဩဇာထုတ်လုပ်ရေး သမဝါယမ အသင်း ဥက္ကဋ္ဌ   စက်ရုံတာဝန်ခံက စမ်းဝတီ    သမဝါယမအသင်း၏ လုပ်ငန်းများ      ဆောင်ရွက်နေမှု၊ သဘာဝမြေဩဇာ ထုတ်လုပ်နေမှု အခြေအနေ၊   အလုပ်အကိုင်အခွင့် အလမ်းများ    ဖန်တီးပေးနိုင်မှု၊ သဘာဝမြေဩဇာ        အသုံးပြု၍ စမ်းသပ်စိုက်ပျိုးမှုမှ   စပါးထွက်ရှိ မှုအခြေအနေ၊  စိုက်ပျိုးနည်းစနစ် နှင့်     လေ့လာတွေ့ရှိချက်များကို လည်းကောင်း  ရှင်းလင်းတင်ပြကြ သည်။

 


ဆက်လက်၍    တိုင်းဒေသကြီး နှင့်   ပြည်နယ်များမှ   ဝန်ကြီးချုပ် များနှင့်     ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ  ဥက္ကဋ္ဌများက   စက်ရုံအတွင်း လုပ်ငန်းများ    ဆောင်ရွက်နေမှုကို ကြည့်ရှုလေ့လာရာ    သက်ဆိုင်ရာ တာဝန်ရှိသူများက     ရှင်းလင်း တင်ပြကြပြီး        သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးလှမိုးက ဝန်ကြီးချုပ်များ၊  ဥက္ကဋ္ဌများအနေ ဖြင့်         မိမိတို့   တိုင်းဒေသကြီး/ ပြည်နယ်ဒေသများ         ဖွံ့ဖြိုး တိုးတက်ရေးအတွက်    ယခုကဲ့သို့ သဘာဝမြေဩဇာများ   ထုတ်လုပ် မည်ဆိုပါက   မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ    ဝန်ကြီးဌာနများမှ တတ်စွမ်းသမျှ    ပံ့ပိုးကူညီဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊     ယခု ကဲ့သို့        ဖိတ်ကြားပြသရခြင်းမှာ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်း များမှ ထွက်ရှိသော  စွန့်ပစ်ပစ္စည်း များကို    အကျိုးရှိသည့်   သဘာဝ မြေဩဇာများအဖြစ်    မိမိတို့၏ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြန်လည်    ထုတ်လုပ်အသုံးပြုနိုင် စေ ရန်    ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

 


စမ်းဝတီမှ         ထွက်ရှိသော ထုတ်ကုန်များကို   FDA ထောက်ခံ ချက်၊ နို့စားနွား  မွေးမြူခွင့်လိုင်စင် များနှင့်  အသေးစား စက်မှုလက်မှု လိုင်စင်များ   ရယူ၍   ဆောင်ရွက် လျက်ရှိပြီး  နို့စားနွား ၃၂၂ ကောင် မွေးမြူထားကြောင်း၊ နေ့စဉ် နွားနို့ ပိဿာချိန်  ၄၀၀ ခန့်   ထွက်ရှိပြီး ရွှေပုစွန်၊   မြစိမ်းရောင်၊  ပျဉ်းမနား မြို့တွင်းရှိ  ဆိုင်များ၊ ကာကွယ်ရေး ပစ္စည်း     ထုတ်လုပ်ရေးတပ်များ၊ စမ်းဝတီ    နို့ထွက်ပစ္စည်း   စက်ရုံ တို့ကို နို့စိမ်း၊ ဒိန်ချဉ်၊ အသင့်ပိုးသတ် ကြိုချက်ပြီး နွားနို့များကို ထုတ်လုပ် ၍         ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်း၊  မြန်မာနိုင်ငံတစ်ဝန်းရှိ အဆင့်မြင့်    ဈေးဝယ်စင်တာများ ဖြစ်သော Ocean Super Center ၊ ABC Store များ၊     City Mart များတွင်လည်း   ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊  စမ်းဝတီသဘာဝ မြေဩဇာကို ကုန်ကြမ်းပစ္စည်းများ ဖြစ်သည့်   နွားချေး၊    ဂျပ်ပဆန်/ ဒိုလိုမိုက်   ကျောက်များ၊  အရိုးများ၊ တီကောင်များ၊ ကြက်ချေး၊ လင်းနို့ ချေးများ   စသည်တို့ဖြင့်   ဖော်စပ် ထားပြီး မြေဩဇာအရည်အသွေး စစ်ဆေးခြင်းကို    စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊   စိုက်ပျိုးရေး ဆိုင်ရာ သဘာဝအရင်းအမြစ်များ ဌာနခွဲ  ရေဆင်းသို့ လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန    အောက်ရှိ ရန်ကုန်ဓာတ်ခွဲခန်းသို့     လည်း ကောင်း    ပေးပို့စစ်ဆေးအတည်ပြု ချက်   ရယူဆောင်ရွက်ခဲ့ကြောင်း၊ စက်ရုံမှ  တစ်ရက်လျှင် ၅၀ ကီလို ဂရမ် အိတ် ၄၀၀ ကျော်နှင့် တစ်လ လျှင် အိတ် ၁၀၀၀၀ ကျော် ထွက်ရှိ ကြောင်း။ 

 


စမ်းဝတီ  သဘာဝမြေဩဇာ၏ အကျိုးကျေးဇူးများ     အနေဖြင့် စိုက်ပျိုးသီးနှံပင်    တစ်ပင်ချင်းမှ လိုအပ်သော  အာဟာရဓာတ်များကို မျှတစွာရရှိစေပြီး         လျင်မြန်စွာ အားဖြည့်ပေးခြင်း၊     သုံးစွဲသည့် တောင်သူများအနေဖြင့် အန္တရာယ် ဖြစ်စေမှုကို ရာနှုန်းပြည့်  နည်းပါး ခြင်း၊   ကြာရှည်ခံခြင်း၊    ဈေးနှုန်း သက်သာခြင်း၊      မြေပျက်စီးမှု မရှိခြင်းနှင့်        သီးနှံအထွက်နှုန်း ကောင်းမွန်ခြင်းတို့    ဖြစ်ကြောင်း သိရသည်။        


သတင်းစဉ်