
ပဲခူး ဖေဖော်ဝါရီ ၁၃
တိုင်းဒေသကြီး ဂုဏ်ထူးဆောင် ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲကို ပဲခူးမြို့ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲပိုင်းကကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်းက သင်္ဂဟတရားနှင့် လျော်ညီသည့် ချီးမြှင့် ထိုက်သူ ချီးမြှောက်ထိုက်သူတို့ကို ဖော်ထုတ်ချီးမြှင့် ခြင်းပြုသည့် ထူးခြားလေးနက်သည့် အခမ်းအနား တစ်ခုဖြစ်ကြောင်း၊ ရှေးမြန်မာဘုရင်များလက်ထက်မှ ယနေ့အထိ နိုင်ငံတော် တည်ဆောက်ရေးနှင့် ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးစသည့် ကဏ္ဍများ တွင် စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ခဲ့ကြသူများကို သက်ဆိုင်ရာနယ်ပယ်အလိုက် ဘွဲ့ထူး၊ ဂုဏ်ထူးများ ပေး၍ ချီးမြှင့်မြှောက်စားခဲ့ကြသကဲ့သို့ ပဲခူးတိုင်းဒေသ ကြီးအတွင်း၌လည်း စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ စက်မှုလက်မှု၊ စီမံခန့်ခွဲရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးစသည့် ကဏ္ဍအသီးသီးတွင် ထူးချွန်ပြောင် မြောက်စွာ ဆောင်ရွက်ခဲ့သူများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၆၂ ဦး ဖော်ထုတ်ချီးမြှင့်ခဲ့ပြီးဖြစ် ကြောင်း၊ ယခုနှစ်အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ နိုင်ငံတော်နှင့် တိုင်း ဒေသကြီးအကျိုး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် လူပုဂ္ဂိုလ် ၇၈ ဦးအား ဖော်ထုတ်၍ ဂုဏ်ထူးဆောင်ဆု တံဆိပ်နှင့် ဂုဏ်ထူးဆောင်ဆုငွေများ ထပ်မံပေးအပ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဂုဏ်ထူးဆောင် ဆုတံဆိပ် ရရှိသူများသည် သက်ဆိုင်ရာနယ်ပယ် အလိုက် ကျရာတာဝန်များကို အများနှင့်မတူ ထူးခြား စွာ စွမ်းဆောင်နိုင်ခဲ့ကြသူများဖြစ်ပြီး ဂုဏ်ထူးဆောင် ဆုတံဆိပ်ရရှိသူများ၏ မိသားစုဝင်များအတွက် သားစဉ်မြေးဆက် ဂုဏ်ယူဝင့်ကြွားစရာ သမိုင်း မှတ်တိုင် အထိမ်းအမှတ် သင်္ကေတအဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း ဂုဏ်ပြုအမှာစကားပြော ကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ဘွဲ့ထူး ဂုဏ်ထူးရရှိကြသူများ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဆို၊ က၊ ရေး၊ တီး ဆုရရှိသူများ၊ အားကစားထူးချွန် သူများ၊ နည်းပြများ၊ သစ်သီးဝလံ ပန်းမန်ပြပွဲပြိုင်ပွဲ ဆုရရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများအား ဂုဏ်ပြုလက်မှတ် ၊ ဂုဏ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တက်ရောက်လာသည့် ဂုဏ်ပြုခံပုဂ္ဂိုလ် များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ထို့နောက် နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးပြီး ဖျော်ဖြေကပြ တင်ဆက်ခဲ့ကြ သူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)