
နေပြည်တော် မတ် ၂၈
(၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား များကို မတ် ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော် တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ အသီးသီးကျင်းပကြသည်။
အဆိုပါ စစ်ရေးပြအခမ်းအနားသို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့်တာဝန် ရှိသူများက တက်ရောက်မိန့်ခွန်းပြောကြားကာ စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ထို့နောက် (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ၊ သင်တန်းများတွင် ဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသူများနှင့် အဆင့်တိုးမြှင့်ခြင်း ခံရသည့် စစ်သည်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆင့်တံဆိပ်များ၊ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တပ်မတော်နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုရရှိသူများအား တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆုများပေးအပ် ကြသည်။ ညပိုင်းတွင်(၇၉)နှစ်မြောက် တပ်မတော် နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲများကို တိုင်းစစ် ဌာနချုပ်များအလိုက် ပြုလုပ်ခဲ့ကြသည်။
အလားတူ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များတွင် လည်း (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားများ ကျင်းပခဲ့ကြကြောင်း သတင်းရရှိ သည်။ သတင်းစဉ်