တိုးမြစ်ရေ မအူပင်မြို့၌ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်

 

နေပြည်တော်  ဇူလိုင်  ၁၆


ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ  တိုးမြစ်ရေသည် မအူပင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ကျော်ခန့် (၂၁ စင်တီမီတာ)တွင် ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း   ယင်းမြို့၏   စိုးရိမ်ရေမှတ်သို့   ရောက်ရှိနိုင် သည်။
သို့ဖြစ်ပါ၍ မအူပင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ် ပါသည်။                                  

မိုး/ဇလ