
အင်ဂျန်းယန် ဇန်နဝါရီ ၁၃
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် နယ်မြေဒေသ အခြေအနေအရ မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စု ပိတောက်မြိုင်ကျေးရွာ စိန့်ဂျိုးဇက်အသင်းတော် IDP Camp တွင် နေထိုင်လျက်ရှိသော အင်ဂျန်းယန် မြို့နယ်ဒေသမှ ပြည်သူများအား ယမန်နေ့က ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဦးကျော်စိုးနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အင်ဂျန်းယန်မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းငါးဦးက (ပလန)စိန့်ဂျိုးဇက်အသင်း တော် IDP Camp တွင် နေထိုင်သည့် အင်ဂျန်းယန်မြို့နယ်မှ အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၅၆ ဦးကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။
ကျော်စိုးနိုင်(ပြန်/ဆက်)