
နေပြည်တော် ဧပြီ ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရှိ အထက်စု (မြစ်ကျိုး) လျှပ်စစ် မြစ်ရေတင် စီမံကိန်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် ရာသီဥတု ဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေ လုံလောက်မှုကို မထိခိုက်စေရန်၊ စိုက်ပျိုးရေရရှိရေးအတွက် ရေ အရင်းအမြစ်များ ရှာဖွေဖော်ထုတ် သုံးစွဲနိုင်ရေးနှင့် အခြေအနေ ပေးသည့် ဒေသများတွင် လျှပ်စစ် မြစ်ရေတင်လုပ်ငန်းဖြင့် ရာသီ အလိုက် သီးထပ်သီးညှပ် စိုက်ပျိုး နိုင်ရေး၊ မိုးစပါးနှင့် နွေစပါး အောင်ရေပေးဝေနိုင်ရေး ဆောင် ရွက်ရန် ကိစ္စရပ်များ၊ ရေလှည့် စနစ်ဖြင့် စိုတစ်လှည့် ခြောက် တစ်လှည့် စိုက်ပျိုးနည်းစနစ် အသုံးပြု စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများကို အသိ ပညာပေး နည်းပညာပေးလုပ်ငန်း များ ဆောင်ရွက်၍ ရေစက် မောင်းချိန်နှင့် လျှပ်စစ် ဓာတ်အားခ သက်သာစေရေး စီမံ ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
တိုက်ကြီးမြို့နယ်ရှိ အထက်စု (မြစ်ကျိုး) လျှပ်စစ်မြစ်ရေတင် စီမံကိန်းလုပ်ငန်း၏ တူးမြောင်း မကြီးသည် အကျိုးပြုဧက ၁၈၀၀ ခန့်ကို စိုက်ပျိုးရေ ပေးဝေ နိုင်မည်ဖြစ်ပြီး သရက်ချောင်း ပင်မတူးမြောင်းမကြီးမှ ဧက ၁၅၀၀ ခန့်ကို စိုက်ပျိုးရေ ပေးဝေ နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် တည်ဆောက်ပြီး ရေပေးမြောင်း များအလိုက် ရေစီမံခန့်ခွဲမှု စနစ် ဖြင့် ရေစမ်းသပ်မောင်းနှင်၍ စိုက်ပျိုးရေပေးဝေခြင်းနှင့် မြို့ပြ၊ စက်မှု၊ လျှပ်စစ်တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ကာလ အချိန်မီပြီးစီးရေးအတွက် ဆောင် ရွက်လျက်ရှိသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် တိုက်ကြီးမြို့နယ်၊ ကျား ချောင်း ကျေးရွာအနီး အသစ် ဖော်ထုတ်မည့် မွေးမြူရေးဇုန်ရေရရှိနိုင်ရေးအတွက် သနပ် ချောင်း လျှိုပိတ်တမံ တည် ဆောက်နေမှု၊ တဘူးလှ ရေသောက်စနစ်၏ လက်ဝဲ တူးမြောင်းမကြီး လိုင်နင် ဆောင် ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး သည်။
တဘူးလှတမံသည် ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုး ရာသီတွင် လက်ဝဲမြောင်းမကြီး၏ စိစစ်ရေပေးဝေဧကမှာ ၅၅၄၅ ဧက ဖြစ်သော်လည်း ယခုနှစ်တွင် ၆၈၈၅ ဧက ရေပေးဝေနိုင်ခဲ့ခြင်း ကြောင့် စိစစ်ဧကထက် ဧက ၁၃၄၀ ကို ပိုမိုပေးဝေနိုင်ခဲ့သည်။ ထို့အပြင် လက်ဝဲရေသောက်စနစ် မှ အသုံးပြုပြီး ပိုလျှံကျဆင်းလာ သော ရေများသည် ဥက္ကံသကြား စက် ကားလမ်းဘေးဝဲယာရှိ ရေ နုတ်မြောင်းများ အတွင်းသို့ ရောက်ရှိလာသဖြင့် ရေထိန်း ရေမြင့် အဆောက်အအုံ ၁၃ ခု တည်ဆောက်၍ အနီးဝန်းကျင်ရှိ လယ်မြေ ၂၃၇၇ ဧကကို ပြန်လည် ရေပေးဝေနိုင်ခဲ့ခြင်းကြောင့် စုစု ပေါင်း စိုက်ပျိုးမြေဧက ၂၇၀၀၀ ကျော်ကို စိုက်ပျိုးရေ အကျိုး ပြုလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်