
အစ္စလာမ္မာဘတ် ဇန်နဝါရီ ၃၀
စစ်သွေးကြွပစ်မှတ်များကို နယ်စပ် ဖြတ်ကျော် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ပြီး နောက် တင်းမာမှုများအား ကျော်လွှားနိုင်ရေး ကြိုးပမ်းရာ တွင် ပါကစ္စတန်နှင့် အီရန်နိုင်ငံခြား ရေးဝန်ကြီးများသည် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ရန် သဘောတူခဲ့ကြကြောင်း သိရ သည်။
အီရန် နိုင်ငံခြားရေးဝန်ကြီး ဟော့စ်ဆိန်း အမီအဗ္ဗဒူလာအန်း သည် ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိ နေပြီး ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး ဂျာလီ အဗ္ဗဂျီလာနီနှင့် ဇန်နဝါရီ ၂၉ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ အကြမ်းဖက် ဝါဒ နှိမ်နင်းရေးနှင့်ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်သွားကြရန် သဘောတူခဲ့ကြကြောင်း တွေ့ဆုံ ဆွေးနွေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် နှစ်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးများက ပြောသည်။
နှစ်နိုင်ငံစလုံးတွင် တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ဆက်သွယ်နိုင် သော ခိုင်မာအားကောင်းသည့် ဆက်သွယ်ရေး လမ်းကြောင်းများ သဖွယ် အဖွဲ့အစည်းများရှိပြီး ၎င်းတို့ ကို အပြည့်အဝအသုံးပြုသင့် ကြောင်း ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီး ဂျီလာနီက အလေးအနက် ထား ပြောသည်။
ဇန်နဝါရီ ၁၆ ရက်တွင် အီရန် နိုင်ငံသည် ဆွန်နီမွတ်စလင် စစ်သွေးကြွအဖွဲ့ အသုံးပြုသော အခြေစိုက်စခန်းတစ်ခုကို ပစ်မှတ် ထားကာ ဒုံးကျည်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အီရန်ဘက်ခြမ်းရှိ ခွဲထွက်ရေး စစ်သွေးကြွအဖွဲ့၏ အမာခံ နယ်မြေများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒရုန်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နှစ်ရက်အကြာတွင် ပါကစ္စတန်က တုံ့ပြန်ပြောသည်။
နယ်စပ်ဒေသ၏ လုံခြုံရေး အခြေအနေမှာ စိတ်ချရခြင်း မရှိ သေးကြောင်း၊ နိုင်ငံ၏ အရှေ့ တောင်ဘက်တွင် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှု ကြောင့် ဇန်နဝါရီ ၂၉ ရက်တွင် ပါကစ္စတန်နိုင်ငံသား ကိုးဦး သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံခြား ရေးဝန်ကြီးက ပြောသည်။
အင်န်အိတ်ချ်ကေ