တိုကျို၌ လုယက်ဓားပြမှု ကျူးလွန်ခဲ့သူ လူငယ်သုံးဦးကို ရဲများဖမ်းဆီး

 

တိုကျို   ဖေဖော်ဝါရီ   ၃ 


ဓားပြမှုကျူးလွန်ရန် ကြိုးပမ်းမှုဖြင့်  လူငယ်သုံးဦးကို တိုကျိုရဲများက ဖမ်းဆီးခဲ့သည်။ လူငယ်သုံးဦးသည် လွန်ခဲ့သောနှစ်  အောက်တိုဘာလ က အာဒိုဂါဝရပ်ကွက်ရှိ အမျိုးသမီး တစ်ဦး၏        အိမ်သို့ ဖောက်ထွင်း        ဝင်ရောက်ခဲ့ပြီး     ခြိမ်းခြောက် ခဲ့သည်။ 

 


အသက် ၁၇ နှစ်ရှိ   သံသယရှိ သူ လူငယ်မှာ အလုပ်လက်မဲ့တစ်ဦး ဖြစ်ပြီး အသက် ၁၉ နှစ်ရှိ  လူငယ် သည် အထက်တန်းကျောင်းသား တစ်ဦးဖြစ်သည်။   တခြားသံသယ ဖြစ်ဖွယ် အသက် ၂၀ လူငယ်မှာ အချိန်ပိုင်း  အလုပ်သမားတစ်ဦး ဖြစ်ပြီး  ဓားပြမှုကျူးလွန်ချိန်တွင် အသက် ၁၉ နှစ်ဖြစ်သည်။ 

 


လူငယ်များသည် အသက် ၅၉ နှစ်ရှိ    အမျိုးသမီးကို    ကြိုးဖြင့် တုပ်နှောင်ခဲ့ပြီး    မီးခံသေတ္တာကို မေးမြန်းခဲ့သည်။ 
တခြားအထပ်တွင်     နေထိုင် သော   ဓားစာခံအမျိုးသမီးကြီး၏ သမီးက ရဲစခန်းကို  အရေးပေါ်ဖုန်း ခေါ်ဆိုပြီး  ရဲများရောက်လာသော အခါ ၎င်းလူငယ်များမှာ ထွက်ပြေး သွားကြသည်။     အမျိုးသမီး ကြီးမှာ     အန္တရာယ်တစ်စုံတစ်ရာ ရရှိခဲ့ခြင်းမရှိကြောင်း       သိရ သည်။

 


ရေခဲပြင်စကိတ်စီးမျက်နှာဖုံးများကို         ဝတ်ဆင်ထားသော လူငယ်အချို့သည်  အငှားကားဖြင့် ထွက်ပြေးသွားသည်။ 
ဖမ်းဆီးရမိသူ   လူငယ်သုံးဦး သည် အဆိုပါအမှုတွင်  ပါဝင်ခဲ့ခြင်း မရှိကြောင်း         ငြင်းဆိုခဲ့သည်။ သို့မဟုတ်     မေးခွန်းများ   ဖြေရန် ငြင်းဆိုခဲ့ကြသည်။ 

 


သံသယရှိ   လူငယ်များသည် လုယက်ဓားပြမှု      ကျူးလွန် ရာတွင်    ပါဝင်ပတ်သက်သူများ ဖြစ်မည်ဟု ရဲတပ်ဖွဲ့က ပြောသည်။  လတ်တလော         ဂျပန်နိုင်ငံတွင် ဖြစ်ပွားနေသော         လုယက် တိုက်ခိုက်မှုများနှင့်  သက်ဆိုင်ခြင်း   ရှိ၊   မရှိ    အတည်မပြုနိုင်သေး ကြောင်း သိရသည်။      

အင်န်အိတ်ချ်ကေ