
တိုကျို နိုဝင်ဘာ ၂၄
ဂျပန်နိုင်ငံ၏ အမြင့်ဆုံးအဆောက် အအုံတစ်ခုဖြစ်လာသည့် တိုကျို မြို့ရှိ မီတာ ၃၃၀ အမြင့်ရှိ မိုးမျှော် အဆောက်အအုံကို နိုဝင်ဘာ ၂၄ ရက်တွင် ဖွင့်လှစ်လိုက်ပြီဖြစ် သည်။
မိုရီ ဂျေပီဟုခေါ်သည့် အဆိုပါ မိုးမျှော် အဆောက်အအုံတွင် ဈေးဆိုင်များ၊ ရုံးခန်းများနှင့် လူနေအိမ်များ အပါအဝင် အထပ် ၆၄ ထပ် ပါရှိသည်။
အဆိုပါ အဆောက်အအုံသည် တိုကျိုမြို့လယ် နိုင်ငံခြား ဧည့်သည်များကို ဆွဲဆောင်နိုင် မည့် နေရာသစ်တစ်ခုဖြစ်လာမည် ဟု မျှော်လင့်ကြောင်း ဖွင့်ပွဲအခမ်း အနားအပြီးတွင် မိုးမျှော် အဆောက်အအုံသစ်သို့ ဈေးဝယ် ထွက်လာသူတစ်ဦးက ပြောကြား သည်။
အဆိုပါ မျှော်စင်သည် မီနာတို ရပ်ကွက်ရှိ မိုရီဆောက်လုပ်ရေး ကုမ္ပဏီမှ ပြန်လည်တည်ဆောက် ထားသည့် ရှစ်ဟက်တာ ကျယ်ဝန်း သော အဇာဘူဒိုင် ဟေးလ် အဆောက်အအုံ၏ တစ်စိတ် တစ်ပိုင်း ဖြစ်သည်။
အဆိုပါ အဆောက်အအုံတွင် အလုပ်သမား ၂၀၀၀၀ အတွက် လုံလောက်သော ရုံးခန်းများနှင့် လူ ၃၅၀၀ နေထိုင်နိုင်သည့် အိမ်ခန်း များ ပါရှိသည်။ ထို့ပြင် ဆုရ အနုပညာအဖွဲ့မှ ဖန်တီးထားသည့် ဒစ်ဂျစ်တယ် အနုပညာပြတိုက်နှင့် အခြား ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများလည်း ပါရှိ သည့်အပြင် သဘာဝ ဘေး အန္တရာယ်များ ကျရောက်ပါက လူပေါင်း ၃၆၀၀ ဝန်းကျင်အတွက် ခိုလှုံစရာနေရာများ ပေးဆောင် နိုင်မည်ဖြစ်သည်။
မြို့တော်၌ မိုးမျှော်တိုက်များ ဆက်လက် တည်ဆောက်နေပြီး ယခု အဆောက်အအုံထက် ပိုမိုမြင့်မားသည့် အမြင့် ၃၈၅ မီတာရှိ မိုးမျှော်အဆောက်အအုံ တစ်ခုကို တိုကျိုဘူတာအနီး တွင် ဆောက်လုပ်လျက်ရှိပြီး ၂၀၂၈ ခုနှစ်တွင် ပြီးစီးမည်ဖြစ် သည်။
အင်န်အိတ်ချ်ကေ