တိုကျိုအနီးကြောက်မက်ဖွယ်ရွှံ့နွံပြိုဆင်းပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ပြန်လည်စတင်

 

တိုကျို ဇူလိုင် ၄


တိုကျိုအနီးတွင်    ရွှံ့နွံပြိုဆင်းမှု ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေး နှင့်   ရှာဖွေရေးလုပ်ငန်းများကို ပြန်လည်စတင်နေပြီဟု    သိရ သည်။ ယင်းသဘာဝဘေးကြောင့် လူနှစ်ဦး   သေဆုံးခဲ့ပြီး   ၂၀   မှာ ပျောက်ဆုံးနေဆဲ    ဖြစ်သည်ဟု  သိရသည်။ 


နိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်း တစ်လျှောက်တွင် ဇူလိုင် ၃ ရက် အစောပိုင်းမှ   စတင်ကာ    မိုး အဆက်မပြတ်   ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင် ၄ ရက် တွင် ရှာဖွေကယ်ဆယ်ရေးသမား များ ကယ်ဆယ်ရေးလုပ်ငန်းကိုတစ်နာရီခွဲမျှ ရပ်ဆိုင်းခဲ့ရသည်။ 


ရှီဇူအိုကာခရိုင်ရှိ    အာတာမီ မြို့မှာပျက်စီးဆုံးရှုံးမှုအများဆုံးပင် ဖြစ်သည်။ နေအိမ်ပေါင်း ၁၃၀  ခန့်မိုးကြောင့်   ပျက်စီးခဲ့ရသည် ဟု သိရသည်။
နေအိမ်အတွင်း     ပိတ်မိ နေသော လူ၁၀ ဦးကို  ကယ်တင် နိုင်ခဲ့ပြီး ၎င်းတို့ထဲမှ သုံးဦးတွင် ဒဏ်ရာပြင်းထန်စွာ  ရရှိခဲ့သည်ဟု သိရသည်။ 


အဆိုပါမြို့ရှိ   နေအိမ်ပေါင်း ၂၀၀၀၀     ဝန်းကျင်ကိုလည်း အန္တရာယ်ရှိကြောင်း    သတိပေး ချက်ထုတ်ပြန်ထားသည်။ အနိမ့် ပိုင်းဒေသများတွင်  မိုးရေကြီးမှု နှင့် ရွှံ့နွံပြိုဆင်းမှုများဖြစ်ပေါ်နိုင် သည်ဟုလည်း   သတိပေးချက် ထုတ်ပြန်ထားသည်။  


ကယ်ဆယ်ရေး    အချက် အလက်များကိုလည်း သတိပြု ကြရန်   တိုက်တွန်းထားသည်။ တိုကျိုနှင့် အိုဆာကာကို  ပြေးဆွဲ နေသည့် ရှင်ကန်ဆန် ကျည်ဆန် ရထားမှာလည်း ဇူလိုင် ၃ ရက်က ရပ်နားထားရသည်။      သို့သော် လည်း   ယခုအခါ      ပြေးဆွဲမှုများ ပြန်လည်ပြုလုပ်နေပြီဟု    သိရ သည်။ 


အင်န်အိတ်ချ်ကေ