
ပရီမီယာလိဂ်ပွဲစဉ် (၁၉) မှ စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်သည့် မန်ယူနှင့် အက်စ် တွန်ဗီလာအသင်းပွဲစဉ်ကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက တိုက်စစ်ကစား ဟွိုက်လန်း၏ နောက်ကျသွင်းဂိုး ကြောင့် သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ ပွဲစဉ်တွင် မန်ယူအသင်းသည် ပထမပိုင်း ပွဲချိန်အတွင်း ပြိုင်ဘက်အက်စ်တွန်ဗီလာအသင်းကို နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း မန်ယူ အသင်းသည် ဒုတိယပိုင်းတွင် ရရှိလာသည့် အခွင့် အရေးများကို အမိအရ အသုံးချကာ ချေပဂိုးများနှင့် အနိုင်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် နိုင်ပွဲရရှိခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၄၈ မိနစ်တွင် မန်ယူကစားသမား ဂါနာချို အက်စ်တွန်ဗီလာအသင်းဘက်သို့ ဂိုးသွင်းယူ နိုင်ခဲ့သော်လည်း ဗွီအေအာရ်ပြန်လည်ကြည့်ရှု စစ်ဆေးပြီးနောက် ပယ်ဖျက်ခဲ့သည့်အတွက် နစ်နာခဲ့ ရသည်။
တိုက်စစ်ပိုင်းထက်မြက်မှုနှင့် အသင်းစွမ်းဆောင် ရည်ပိုင်း မန်ယူအသင်းထက် သာလွန်မှုရှိသော အက်စ်တွန်ဗီလာအသင်းသည် ဒုတိယပိုင်းတွင် မန်ယူအသင်း၏ ဖိအားပေးတုံ့ပြန်ကစားမှုအောက် ပုံစံကောင်းတချို့ပျောက်ဆုံးခဲ့ရပြီး သွင်းဂိုးများ ပြန်လည်ခွင့်ပေးခဲ့ရသည့်အတွက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။ အက်စ်တွန်ဗီလာအသင်းအတွက် သွင်းဂိုးများကို မက်ဂင်နှင့် ဒန်ဒွန်ကာတို့က သွင်းယူပေးပြီး မန်ယူအသင်းအတွက် သွင်းဂိုးများကို ဂါနာချိုနှင့် ဟွိုက်လန်းတို့က သွင်းယူပေးနိုင်ခဲ့သည်။
မန်ယူအသင်းအတွက် အနိုင်သေချာစေမည့် တတိယဂိုး ရယူနိုင် ခဲ့သော ဟွိုက်လန်းသည် လိဂ် ၁၅ ပွဲတွင် ပထမဆုံးပရီမီယာလိဂ်ဂိုးကို ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ မန်ယူအသင်းသည် ပရီမီယာလိဂ် ၁၉ ပွဲကစားပြီးချိန်တွင် နိုင်ပွဲ ၁၀ ပွဲနှင့်အတူ ရမှတ် ၃၁ မှတ် ရရှိလာပြီ ဖြစ်သည်။ ပြိုင်ဘက် အက်စ်တွန်ဗီလာအသင်းက ယခုပွဲ ရှုံးနိမ့်ခဲ့သော် လည်း ၁၉ ပွဲကစားပြီး နိုင် ပွဲ ၁၂ ပွဲနှင့်အတူ ရမှတ် ၃၉ မှတ်ဖြင့် ဦးဆောင် သူ လီဗာပူးအသင်းကို အနီးကပ် ဖိအားပေးလျက်ရှိသည်။
အောင်ဇော်