
ပရီမီယာလိဂ်ပွဲစဉ် (၂၄) မှ ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းက ယှဉ်ပြိုင် ကစားခဲ့သည် မန်စီးတီးနှင့်အဲဗာတန်အသင်းပွဲစဉ်တွင် မန်စီးတီးအသင်း က နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
တန်းဆင်းဇုန်မှ လွတ်မြောက်ရန် ရမှတ်လိုအပ်ချက်ရှိနေသည့် အဲဗာတန်အသင်းသည် မိနစ် ၇၀ ကျော်သည်အထိ မန်စီးတီးအသင်းကို အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲချိန်များတွင် ဟာလန်း၏ သွင်းဂိုးများကို
ခွင့်ပြုပေးခဲ့ရသည့်အတွက် ရှုံးပွဲ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
အဲဗာတန်အသင်းသည် ယခု ပွဲရှုံးနိမ့်ခဲ့သည့်အတွက် ပရီမီယာ လိဂ် ၂၄ ပွဲတွင် ရှုံးပွဲ ၁၁ ပွဲအထိ ရှိ လာပြီ ဖြစ်သည်။ မန်စီးတီး အသင်းက ယခုပွဲ အနိုင်ရရှိမှု ကြောင့် ၂၃ ပွဲကစားပြီး ရမှတ် ၅၂ မှတ်ဖြင့် ပရီမီယာလိဂ်ဖလား ဆွတ်ခူးရေး အားကောင်းလာပြီ ဖြစ်သည်။
မန်စီးတီး အသင်းသည် လာမည့်ပွဲစဉ်တွင် ချန်ပီယံလိဂ် ပြိုင်ပွဲ၌ ကိုပင်ဟေဂင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ အဲဗာတန်အသင်းက လာမည့်ပွဲစဉ် တွင် ပရီမီယာလိဂ်၌ ခရစ္စတယ် ပဲလေ့စ်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
အခြားပွဲစဉ်များတွင် လီဗာပူး က ဘန်လေကို သုံးဂိုး - တစ်ဂိုး၊ ဖူလ်ဟမ်က ဘုန်းမောက်ကို သုံး ဂိုး-တစ်ဂိုး၊ စပါးက ဘရိုက်တန်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပြီး လူတန် က ရှက်ဖီးကို သုံးဂိုး-တစ်ဂိုးဖြင့် နိုင်ကာ ဝုလ်ဖ်ကိုလည်း ဘရန့်ဖို့ဒ် က နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရသည်။
အောင်ဇော်