တိရစ္ဆာန်သေဆုံးမှုနှုန်း ၆၆၀၀၀၀ ကျော်အထိရှိလာတဲ့ မွန်ဂိုလီးယားနှင်းမုန်တိုင်း

နွယ်နီလင်း

မွန်ဂိုလီးယားနိုင်ငံသည် အာရှတိုက် အရှေ့ပိုင်းနှင့် အလယ်ပိုင်းတွင် တည်ရှိသည့် ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ မြောက်ဘက် တွင် ရုရှားနိုင်ငံ၊ တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နှင့် ထိစပ်နေသည်။
မွန်ဂိုလီးယားနိုင်ငံ၌ ယခုအခါ နှင်းထူထပ်စွာကျရောက်ခြင်းနှင့် နှင်းမုန်တိုင်းတိုက်ခတ်ခြင်းတို့ကြောင့်   မြို့တော်အူလန်ဘာတာ၌ အသွားအလာကန့်သတ်ချက်များ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲပိုင်းတွင် ပြဋ္ဌာန်းထားသည်ဟု    အမျိုးသားအရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ (အင်န်အီးအမ်အေ) က ကြေညာထားသည်။
ရာသီဥတုအခြေအနေကြောင့် လမ်းများပိတ်ထား
မွန်ဂိုလီးယားနိုင်ငံ၌ ဆိုးရွားသည့် ရာသီဥတုအခြေအနေကြောင့် ဆပ်ဘာတာ၊ ခန်းတီအိ၊  ဒေါ်နော့၊  ဒန်းဂိုဗီ၊  အမ်နူဂိုဗီနှင့် ယူဗာခန့် ဂိုင်ပြည်နယ်တို့မှ  မြို့တော်အူလန်ဘာတာသို့ ဆက်သွယ်ထားသည့် လမ်းများကို သတ်မှတ်ထားသည့်ကာလအတွင်း ပိတ်ထားခဲ့ရသည်ဟု အင်န်အီးအမ်အေက ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ   ၁၅  ရက်  ညပိုင်းမှစကာ  နိုင်ငံ၏   အနောက်ပိုင်းမှ အရှေ့ပိုင်းအထိ      နှင်းထူထပ်စွာကျရောက်ခြင်း၊      လေပြင်းများ တိုက်ခတ်ခြင်းနှင့်     နှင်းမုန်တိုင်းများ   တိုက်ခတ်ခြင်းတို့ကြောင့် လမ်းများအေးခဲပြီး လမ်းမမြင်ရခြင်းတို့ ဖြစ်ပွားခဲ့သည်။
မွန်ဂိုလီးယားနိုင်ငံ၌      နှင်းထူထပ်စွာကျရောက်ခြင်းနှင့်    နှင်း မုန်တိုင်းတို့ကြောင့် ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ခြံမွေးတိရစ္ဆာန်  စောင့်ရှောက်သူ အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။ နှင်းမုန်တိုင်း ကြောင့်  ပျောက်ဆုံးနေသည့် လူ ၄၉ ဦးကို အသက်ရှင်လျက်တွေ့ရှိ ခဲ့သည်။ 
ပျောက်ဆုံးနေသူများကို ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိ
လက်ရှိတွင်    အရှေ့ပိုင်းဆပ်ဘာတာပြည်နယ်၊   အနောက်ပိုင်း ဘာရန်-အယ်ဂီအိနှင့်  ခို့ပြည်နယ်တို့တွင် ပျောက်ဆုံးနေသူများကို ရှာဖွေမှုများလုပ်ဆောင်လျက်ရှိသည်ဟု အဆိုပါအေဂျင်စီက ဆိုသည်။
နိုင်ငံအတွင်း   ပြည်နယ်  ၂၁  ခုအနက်    အရှေ့ပိုင်းခန်းတီအိ၊ ဒေါ်နော့၊     ဆပ်ဘာတာနှင့်    ဒေါ်နိုဂိုဗီနှင့်   အနောက်အလယ်ပိုင်း အာခန်းဂိုင်ပြည်နယ်တို့တွင် တိရစ္ဆာန်သေဆုံးမှုအများဆုံးဖြစ်သည်။
 ထို့ပြင် တိရစ္ဆာန်ထိန်းကျောင်းသူနေအိမ် ၁၃၅၀၀ ထက်မနည်းမှာ နှင်းဖုံးလွှမ်းသွားခဲ့ပြီး နှင်းထုမှာ ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)အထိရှိသည်။  လမ်းအရှည်  ၃၈၄၀၀  ကီလိုမီတာမှာလည်း  နှင်း ထူထပ်စွာကျရောက်မှုကြောင့်  ပိတ်ခဲ့ရသည်ဟု  ပြည်နယ်အရေးပေါ် ကော်မရှင်က ဆိုသည်။
နိုင်ငံသားများကို ဘေးအန္တရာယ်များ 
အထူးသတိပြုရန် တိုက်တွန်းထား
မွန်ဂိုလီးယားနိုင်ငံ၌   နိုင်ငံသားများ  အထူးသဖြင့်  လှည့်လည် သွားလာနေထိုင်သည့် တိရစ္ဆာန်ထိန်းကျောင်းသူများနှင့် ယာဉ်မောင်း များကို ဖြစ်နိုင်ခြေရှိသည့်  ဘေးအန္တရာယ်များကို  အထူးသတိပြုရန် အမျိုးသားအရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီက တိုက်တွန်းထားသည်။ 
မွန်ဂိုလီးယားနိုင်ငံ၏      ပြည်နယ်အားလုံးနီးပါးမှာ     ယခုနှစ် ဆောင်းရာသီတွင်  "dzud"  ဟု အမည်သတ်မှတ်ထားသော  ဆိုးရွား သည့်ရာသီဥတုနှင့် ကြုံတွေ့နေရပြီး နိုင်ငံ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ နှင်းများဖုံးလွှမ်းသွားသည်ဟု   နိုင်ငံ၏    မိုးလေဝသစောင့်ကြည့်ရေး အေဂျင်စီက ဆိုသည်။ 
အစိုးရက အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ သန်း  ထောက်ပံ့ပေးမည်ဟု ဆုံးဖြတ်ခဲ့
မွန်ဂိုလီးယားနိုင်ငံအစိုးရသည်      ဆိုးရွားသည့်ရာသီဥတုနှင့် ကြုံတွေ့ရသည့်   ပြည်နယ်များနှင့်  အိမ်ခြေယာမဲ့များကို ကူညီရန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ သန်း  ထောက်ပံ့ပေးမည်ဟု ဆုံးဖြတ် ခဲ့သည်။ 
ထို့ပြင်မွန်ဂိုလီးယားအစိုးရက  သဘာဝဘေးဒဏ်ခံ လှည့်လည် သွားလာနေထိုင်သည့်       တိရစ္ဆာန်ထိန်းကျောင်းသူများကို    ကူညီ ပေးလျက်ရှိပြီး မြက်ခြောက်နှင့် တိရစ္ဆာန်စာ တန် ၂၀၀၀၀ ကိုလည်း အဆိုပါဒေသများသို့ ပေးပို့ခဲ့သည်။ ထို့ပြင် မွန်ဂိုလီးယားအနုပညာရှင် များကလည်း ၎င်းတို့ကို ကူညီရန် အလှူငွေကောက်ခံရေး လှုပ်ရှား မှုများကိုလည်း လုပ်ဆောင်လျက်ရှိသည်။
အဆိုပါထောက်ပံ့ငွေများကို ဆိုးရွားသည့်ရာသီဥတုဒဏ်  ခံစား ရပြီး လှည့်လည်သွားလာနေထိုင်သော တိရစ္ဆာန်ထိန်းကျောင်းသူများ ဆီသို့ အစားအစာများနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းများ ပေးပို့ခြင်း၊ သေဆုံးသွားသည့်တိရစ္ဆာန်များ      မြှုပ်နှံခြင်း၊       ပိုးသတ်ခြင်းနှင့် ကျေးလက်ဒေသများဆီသို့ မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများ ပေးပို့ရန် အတွက် ဓာတ်ဆီဝယ်ယူရာတွင်  သုံးစွဲသွားမည်ဟု  နိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်နှင့်      ပြည်နယ်အရေးပေါ်ကော်မရှင်၏   အကြီးအကဲက ပြောကြားသည်။
ယင်းနိုင်ငံတစ်ဝန်း   ၂၀၂၃   ခုနှစ်    နှစ်ကုန်အထိ   နိုင်ငံအတွင်း တိရစ္ဆာန်အရေအတွက်မှာ   ၆၄   ဒသမ   ၇   သန်းရှိပြီး   ယခုနှစ် ဆောင်းရာသီတွင်      ရာသီဥတုဆိုးရွားမှုကြောင့်    တိရစ္ဆာန်ကောင်ရေ ၆၆၇၈၄၁ ကောင်ခန့် သေဆုံးခဲ့ရသည်။ အဆိုပါနိုင်ငံ၌ လေပြင်းများ တိုက်ခတ်ခြင်း၊ နှင်းမုန်တိုင်းနှင့် ဖုန်မုန်တိုင်းများ မကြာခဏတိုက်ခတ် လေ့ရှိပြီး ဆိုးရွားသည့်ရာသီဥတုရှိသည်။      ။     ကိုးကား-ဆင်ဟွာ
Over 600,000 livestock die in cold winter in Mongolia
Mongolia provides 6.3 mln USD in aid to overcome harsh
winter
Five missing in Mongolia due to heavy snow, blizzards
Mongolia's capital, provinces impose traffic restrictions
due to blizzards