တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ    ၂ 


တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူ ရေးလုပ်ငန်း  ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏   ပထမအကြိမ် အစည်းအဝေးကို      ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်        ဆည်မြောင်း ဝန်ကြီးဌာန      ပြည်ထောင်စု ဝန်ကြီးရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 


အစည်းအဝေးတွင်      ပြည် ထောင်စုဝန်ကြီး   ဦးလှမိုး   က နိုင်ငံတော်၏ စီးပွားရေးဦးတည် ချက်တွင်ပါရှိသော “စိုက်ပျိုးရေး နှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို  ခေတ်မီနည်း စနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက် အောင်    ဆောင်ရွက်ပြီး    အခြား စီးပွားရေးကဏ္ဍများကို     လည်း  ဘက်စုံဖွံ့ဖြိုး      တိုးတက်အောင် တည်ဆောက်ရေး”      ဟူသည့် အချက်နှင့်အညီ      အသားကဏ္ဍ  ဖွံ့ဖြိုး    တိုးတက်စေရေးအတွက်  ဝန်ကြီးဌာန၏  မူဝါဒ၊  မျှော်မှန်း ချက်၊  မွေးမြူရေးနှင့်  ကုသရေး ဦးစီးဌာန၏ မူဝါဒ၊ မျှော်မှန်းချက် များအတိုင်း မွေးမြူရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးအတွက် တက်ညီလက်ညီ   ပူးပေါင်းပါဝင် ကြိုးပမ်း    ဆောင်ရွက်ကြစေလို ကြောင်း၊ ပြောင်းလဲဖြစ်ပေါ်လာ သော ခေတ်စနစ်နှင့်အညီ တိရစ္ဆာန် နှင့်  တိရစ္ဆာန်ထွက် ပစ္စည်းများ ကုန်သွယ်မှု တိုးတက်လာစေရန် နှင့်     ပုဂ္ဂလိကမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်     ရေးဆွဲ ပြဋ္ဌာန်းထားသည့်      တိရစ္ဆာန် ကျန်းမာရေးနှင့်        မွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ နှင့်အညီ လုပ်ငန်းများ ထိရောက်  စွာ အကောင်အထည်ဖော်ရာတွင်  ဦးစီးအဖွဲ့တစ်ခုက      တာဝန်ယူ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ က  ဥပဒေပုဒ်မ ၄ အရ တိရစ္ဆာန် ကျန်းမာရေးနှင့်      မွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီကို     ၂၀၂၁     ခုနှစ် အောက်တိုဘာလတွင်   ဖွဲ့စည်း တာဝန်     ပေးအပ်ခဲ့ပါကြောင်း၊  ယနေ့အစည်းအဝေးတွင်    ဗဟို ကော်မတီ၏ လုပ်ငန်းတာဝန် (၁၇) ချက်မှ  ဦးစားပေး  ဆောင်ရွက်ရ မည့် လုပ်ငန်းရပ်များကို အဆိုပြု တင်ပြနိုင်ရန်နှင့် ဝိုင်းဝန်းသုံးသပ် ဆွေးနွေးရန်ဖြစ်ကြောင်း    ပြော ကြားသည်။

 


ထို့နောက်     ဗဟိုကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူး ချုပ်  ဒေါက်တာရဲထွန်းဝင်း  က ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန် များ၊ ဗဟိုကော်မတီ၏ ဦးစားပေး လုပ်ငန်းရပ်များနှင့် အဆိုပြုချက် များ၊    နိုင်ငံ့စီးပွား   မြှင့်တင်ရေး ရန်ပုံငွေမှ အရင်းမပျောက်မတည်  ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းများ အကောင်  အထည်ဖော်ရေး    စီမံကိန်းတွင် ယူနစ်နှင့် လျာထားချက်၊ ဘဏ္ဍာ နှစ်အလိုက် မြစိမ်းရောင် (အသား ကဏ္ဍ) ကျေးရွာထူထောင်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည်။

 


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့်    ဗဟို ကော်မတီ   ဒုတိယဥက္ကဋ္ဌ  ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဗဟိုကော်မတီဝင်များ      ဖြစ်ကြ သော    ဦးစီးဌာန    အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန် များအသင်း၊   မြန်မာနိုင်ငံ  မွေးမြူ ရေးလုပ်ငန်းအဖွဲ့ချုပ်၊      မြန်မာ နိုင်ငံ      ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများနှင့်    တာဝန်ရှိသူများ၊ တိရစ္ဆာန်ဆေးပညာရပ်နှင့် မွေးမြူ ရေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ  များက အဆိုပြုလုပ်ငန်းရပ်များ အပေါ် သက်ဆိုင်ရာကဏ္ဍများ အလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေး ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်