တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၁၈
တိရစ္ဆာန်  ကျန်းမာရေးနှင့်မွေးမြူ ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို    ပြင်ဆင်သည့်   ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်းသည့် အပြီး သတ်     ညှိနှိုင်းအစည်းအဝေးကို  ယနေ့ နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ      ဥပဒေရေးရာဝန်ကြီး ဌာန          အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့      ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေ ချုပ် ဒေါက်တာသီတာဦး၊ ဒုတိယ ဝန်ကြီးနှင့်     ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန       ဒုတိယဝန်ကြီး ဒေါက်တာ    အောင်ကြီး၊   မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန     ညွှန် ကြားရေးမှူးချုပ်  ဒေါက်တာ ရဲထွန်းဝင်း၊  ဥပဒေမူကြမ်း  စိစစ် ရေးဦးစီးဌာန  ဒုတိယညွှန်ကြား ရေးမှူးချုပ်     ဒေါ်အေးဝင်းနှင့် တာဝန်ရှိသူများ       တက်ရောက် ကြသည်။
အပြီးသတ်ညှိနှိုင်းဆွေးနွေး
အစည်းအဝေးတွင်    ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးက  အဆိုပါဥပဒေကို      လက်တွေ့ အကောင် အထည်ဖော်ဆောင်ရွက် ရာတွင်      တိရစ္ဆာန်     ထိန်းသိမ်း စောင့်ကြည့်    စစ်ဆေးရေးစခန်း (AQS) တည်ထောင်ခြင်းဝန်ဆောင် မှုလုပ်ငန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ မှုဖြင့်    လျှောက်ထားလာမှုများ ရှိသော်လည်း             ဥပဒေတွင် ယင်းပြဋ္ဌာန်းချက်    မပါဝင်သဖြင့် မွေးမြူရေးခြံလုပ်ငန်း မှတ်ပုံတင် လက်မှတ်      ထုတ်ပေးသကဲ့သို့  တိရစ္ဆာန်ထိန်းသိမ်း  စောင့်ကြည့် စစ်ဆေးရေးစခန်း  (AQS)   တည် ထောင်ခြင်း ဝန်ဆောင်မှုလုပ်ငန်း အတွက် ခွင့်ပြုလက်မှတ်ထုတ်ပေး ၍ မရခြင်း၊ သားသတ်ရုံလုပ်ငန်း နှင့်     သားသတ်ခြင်းလုပ်ငန်းများ အတွက် ခွင့်ပြုလက်မှတ်ထုတ်ပေး ခြင်းဖြစ်ပြီး       ခွင့်ပြုလက်မှတ် သက်တမ်းတိုးနိုင်သည့်   ဖော်ပြ ချက်များ        မပါရှိသည့်အတွက် အဆိုပါ သားသတ်ရုံလုပ်ငန်းနှင့်  သားသတ်ခြင်း        လုပ်ငန်းများ သက်တမ်းတိုးနိုင်ရန် လိုအပ်လျက် ရှိခြင်းတို့ကြောင့်           ဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်၍    တိရစ္ဆာန် ကျန်းမာရေးနှင့်        မွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ  ကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)  ရေးဆွဲရခြင်းဖြစ်ကြောင်း    တင်ပြ ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီး  နှင့်       ပြည်ထောင်စုရှေ့နေချုပ်  ဒေါက်တာသီတာဦးက  တိရစ္ဆာန်  ကျန်းမာရေးနှင့်          မွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို    လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှု        ရှိစေရေး အတွက်     ပြင်ဆင်ရန်      လိုအပ် ကြောင်း  တွေ့ရှိရသဖြင့်  အဆိုပါ ဥပဒေ   (မူကြမ်း)   ကို    ပြင်ဆင် ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း      သိရ သည်။                   

သတင်းစဉ်