တိရစ္ဆာန်ဆေးကုသိပ္ပံဒီပလိုမာ တစ်နှစ်သင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းအောင်မြင်ပြီးမြောက်ပါက တိရစ္ဆာန်ဆေးကုဒီပလိုမာ (Dip.V.Sc) ဘွဲ့ကို ပေးအပ်ချီးမြှင့်မည်

 

နေပြည်တော်   ဇန်နဝါရီ   ၃၀


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည်  ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လေ့ကျင့်သင်ကြား ရေး ဆေးရုံလုပ်ငန်းနှင့်  တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာသင်တန်းအတွက်  သင်ရိုးညွှန်းတမ်းများ၊  သင်ကြားမှုအထောက်အကူပစ္စည်းများ   စီမံ ဆောင်ရွက်ထားရှိမှု၊    စာသင်ခန်း၊   အိပ်ခန်းနှင့်  ထမင်းစားဆောင်များ ပြင်ဆင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။


မွေးမြူရေး        ကဏ္ဍအတွက် ကျွမ်းကျင်သော     လူ့စွမ်းအား အရင်းအမြစ်များ   မွေးထုတ်ပေး နိုင်ရန်       တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာ   တစ်နှစ်သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ရာ   အဆိုပါ သင်တန်း   အောင်မြင်ပြီးမြောက် ပါက တိရစ္ဆာန်ဆေးကုဒီပလိုမာ (Dip.V.Sc) ဘွဲ့ကို  ပေးအပ်ချီးမြှင့် မည်ဖြစ်ကြောင်း၊ သိပ္ပံဘွဲ့ရရှိထား သူ  ဌာနတွင်းမှ  သင်တန်းသား ၂၀  နှင့်  သိပ္ပံဘွဲ့ရရှိထားသူ ပြင်ပ သင်တန်းသား ၄၀ တို့ တက်ရောက် နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး သည်   မွေးမြူရေးနှင့်  ကုသရေး ဦးစီးဌာန       တိရစ္ဆာန်ဆေးဝါး ထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ် ရေးဌာနခွဲ၊    တိရစ္ဆာန်ကာကွယ် ဆေး            ထုတ်လုပ်ရေးဌာနစု၊ ဗက်တီးရီးယား      ဌာနစိတ်၏ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ် ဆေး ထုတ်လုပ်နိုင်မှုလုပ်ငန်းများ၊ ရောဂါထိန်းချုပ်နိုင်မှု အခြေအနေ နှင့် သုတေသနဆိုင်ရာ ဆောင် ရွက်နေမှုတို့ကို   ကြည့်ရှုစစ်ဆေး ပြီး   လိုအပ်သည်များ   ဆွေးနွေး မှာကြားသည်။


တွေ့ဆုံဆွေးနွေး


ထို့နောက်   ဒုတိယဝန်ကြီး သည်   မွေးမြူရေးနှင့်  ကုသရေး ဦးစီးဌာန   ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင်   တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့် တွေ့ဆုံ၍    ခိုင်းကျွဲ၊     ခိုင်းနွား မျိုးကောင်းများ  ထုတ်လုပ်မွေးမြူ ထိန်းသိမ်းရန်၊  တိရစ္ဆာန်ကောင်ရေ အရင်းအမြစ်များ     မပြုန်းတီးစေ ရေးနှင့် တိုးပွားရေးအတွက် ဒေသ ရေမြေရာသီဥတုနှင့်      ကိုက်ညီ သည့်     မျိုးရိုးဗီဇရှိ     တိရစ္ဆာန် များ     ဖော်ထုတ်ထိန်းသိမ်းရန်၊ ကျေးလက်ဒေသ၏    လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် တစ်ပိုင်တစ်နိုင် မှ    စီးပွားဖြစ်မွေးမြူရေးလုပ်ငန်း များအထိ        အားပေးမြှင့်တင် ဆောင်ရွက်ရန်၊  တိရစ္ဆာန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက် ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ကို တိုးချဲ့ဆောင်ရွက်ရန်  ကိစ္စရပ် များကို ဆွေးနွေးမှာကြားသည်။


ကြည့်ရှုစစ်ဆေး


ညနေပိုင်းတွင် ဒုတိယဝန်ကြီး သည်     သာကေတစက်မှုဇုန်ရှိ မြန်မာရွှေဇာမဏီ       ကုမ္ပဏီ လီမိတက်၏  ငါးမုတ်၊ ငါးတံခွန်၊ ငါးသင်းဝါ၊    ငါးရွှေ၊  ငါးခွေးရှာ နှင့်    ငါးခေါင်းပွငါးများ   အေးခဲ ထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့မှု အခြေအနေများကို     ကြည့်ရှု စစ်ဆေးပြီး နိုင်ငံတကာစျေးကွက် တွင် အကောင်းဆုံးထုတ်ကုန်များ တင်ပို့နိုင်ရန်     သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးမြင့် ထုတ်ကုန်များ    ထုတ်လုပ်နိုင် ရေး၊      သင်တန်းပေးလေ့ကျင့်၍ ကျွမ်းကျင်   စက်ရုံလုပ်သားများ ပျိုးထောင်ရန်   လိုအပ်ချက်များကို တာဝန်ရှိသူများကို    ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်