တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးခြင်း နှင့် တိရစ္ဆာန်အစာ ချဉ်ဖတ်ထုတ်လုပ်ခြင်း တိုးမြှင့်ဆောင်ရွက်မည်

 

နေပြည်တော်   ဇူလိုင်   ၈


တိရစ္ဆာန်အစာ  စိုက်ပျိုးကျွေးမွေးခြင်းနှင့် တိရစ္ဆာန် အစာ   ချဉ်ဖတ်ထုတ်လုပ်ခြင်းလုပ်ငန်း     ညှိနှိုင်း အစည်းအဝေးကို    ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်            ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး     အစည်းအဝေးခန်းမ၌ ကျင်းပသည်။  


အစည်းအဝေးတွင်   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက   နိုင်ငံ၏ နှစ်စဉ်အသားတင်ထုတ် လုပ်မှုတန်ဖိုး   တိုးတက်ရေးအတွက် ကျွဲ၊ နွား၊ သိုး၊ ဆိတ် အပါအဝင်  အသားကဏ္ဍသည်လည်း   အရေး ပါသော   လုပ်ငန်းတစ်ရပ်အဖြစ်   ရပ်တည်နေလျက် ရှိကြောင်း၊    မွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် လွှတ်ကျောင်းစနစ်အစား တိရစ္ဆာန်အစာ စိုက်ပျိုး ကျွေးမွေးသည့်စနစ်  ကျင့်သုံးဆောင်ရွက်နိုင်ကြစေရန် ပြည်နယ်နှင့်      တိုင်းဒေသကြီး    အသီးသီးတွင် နည်းပညာပေးခြင်း၊ ဒေသနှင့်ကိုက်ညီသော တိရစ္ဆာန် အစာပင်များ         လက်တွေ့စိုက်ပျိုးပြသခြင်းများ၊ တိရစ္ဆာန်အစာ ချဉ်ဖတ်ပြုလုပ်နည်းများ  ဖြန့်ဝေပေး ခြင်းကို    တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက်        ဒုတိယဝန်ကြီး  ဒေါက်တာ အောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များက ဆွေးနွေးခဲ့ကြသည်။


တိရစ္ဆာန်အစာပင်များကို   အစိုဓာတ် ၆၅-၇၀ ရာခိုင်နှုန်းရှိသော  ပြောင်းပင်နှင့် အဖူးကို စဉ်းဖြတ် ၍ လေကင်းမဲ့သော   အခြေအနေတွင်  အချဉ်ပေါက်စေ ပြီး     စနစ်တကျ   သိုလှောင်သိမ်းဆည်းထားရာမှ ရရှိလာသော ချဉ်ဖတ်များကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်များ အား ကျွေးမွေးနိုင်သည့်  အစာတစ်မျိုး ဖြစ်သည်။ အဆိုပါ ချဉ်ဖတ်ကို တိရစ္ဆာန်များ နှစ်သက်မှုရှိပြီး အာဟာရဓာတ်  ကြွယ်ဝမှုလည်းရှိကြောင်း၊ (၂)နှစ် အထိ   သိုလှောင်ကျွေးမွေးနိုင်သဖြင့်   ရာသီအလိုက် တိရစ္ဆာန်အစာ  အခက်အခဲရှိသော    ဒေသများရှိ မွေးမြူရေးတောင်သူများအတွက်  များစွာအကျိုးရှိ သော  လုပ်ငန်းတစ်ခုဖြစ်သည့်အပြင်  ပြည်ပပို့ကုန် အတွက်လည်း အလားအလာရှိသည်ဖြစ်ရာ  စိတ် ပါဝင်စားသူများ   ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်၍ ပြည်ပပို့ကုန်အဖြစ်      ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန က လိုအပ်သည့်    အစီအမံများ  ဆောင်ရွက်ပေးသွား မည်ဖြစ်သည်။


ချဉ်ဖတ်ပြုလုပ်ပါက   အစာပင်များကို အာဟာရ ဓာတ်အမြင့်ဆုံးနှင့် ထွက်နှုန်းအမြင့်ဆုံး အခြေအနေ တွင် ရိတ်သိမ်းနိုင်သည့်အတွက်   အမြင့်ဆုံးအထွက် နှုန်းနှင့်   အာဟာရတန်ဖိုးကို   ရရှိမည်ဖြစ်ပြီး မြက် ခြောက်ကဲ့သို့ မီးဘေးအန္တရာယ်မရှိဘဲ     သိမ်းဆည်း နိုင်မည်ဖြစ်သည်။ ယခုနှစ် ဇွန်လနှင့်   ဇူလိုင်လများ အတွင်း နေပြည်တော်၊  ပခုက္ကူ၊ မကွေး၊ ပြည်၊ သရက် နှင့် ရန်ကုန်တို့တွင် တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်းနှင့် ချဉ်ဖတ်ပြုလုပ်ခြင်းသင်တန်းများကို  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက       ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။ အလားတူ     ပြောင်းချဉ်ဖတ်   ပြည်ပတင်ပို့နိုင်ရေး လုပ်ငန်းအစည်းအဝေးကို       ဇူလိုင် ၇ ရက်က အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူ ရေးအထူးပြုကုမ္ပဏီများမှ      တာဝန်ရှိသူများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ     တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း၊  လယ်ယာထွက် ကုန်များ ကုန်သွယ်ရာတွင်  ဘက်စုံဖွံ့ဖြိုးတိုးတက်စေ ရန် ရည်ရွယ်၍ မြန်မာနိုင်ငံမှ တိရစ္ဆာန်အစာ ချဉ်ဖတ် များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ရာတွင်         အပင်များအပေါ် ကူးစက်တတ်သော   ရောဂါပိုးများနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး   နိုင်ငံတကာ  စံချိန်စံညွှန်းများ၊ ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေး အဖွဲ့အစည်း၏ သတ်မှတ် ချက်များနှင့်အညီ လေ့လာအကဲဖြတ်၍ ဇွန် ၁၇ ရက် မှ စတင်၍ စမ်းသပ်တင်သွင်းခွင့်ရရှိခဲ့ကြောင်း    သိရ သည်။ 


သတင်းစဉ်