တိမ်ပင်လယ်စခန်းများစုဝေးရာ နောင်ချိုမြို့၌ ဖွင့်လှစ်တော့မည့် ဒုဋ္ဌဝတီတိမ်ပင်လယ် စခန်းသစ် 

 

 ယဉ်လာဒ်၊ ဓာတ်ပုံ- မပိုးအိ၊ ကိုဖြိုးဝေလင်း 
 

မိုးကုန်လို့       ဆောင်းဦးဝင်ရောက်လာတာနဲ့ တစ်ပြိုင်နက်    တိမ်ပင်လယ်ရာသီကို    တစ်ဖန် ရောက်ရှိလာတော့မှာဖြစ်ပြီး ရှမ်းပြည်နယ်ဘက်မှာ ဆိုရင် တိမ်ပင်လယ်တွေကို အပြိုင်အဆိုင် တွေ့မြင် လာရတော့မှာ      ဖြစ်ပါတယ်။     မကြာခင်မှာ သီတင်းကျွတ်ပိတ်ရက်ရှည်လည်း ရောက်ရှိလာတော့ မှာဖြစ်တာမို့   ဒီတစ်ပတ်မှာတော့  နောင်ချိုမြို့က တိမ်ပင်လယ်စခန်းတွေအကြောင်း   ရေးသားဖော်ပြ ချင်ပါတယ်။
ဒုဋ္ဌဝတီတိမ်ပင်လယ်စခန်း
တိမ်ပင်လယ်ကို ချစ်တဲ့သူတွေအတွက် နောင်ချို မြို့မှာ   တိမ်ပင်လယ်တွေကို     ကြည့်ရှုနိုင်တဲ့ တိမ်ပင်လယ်စခန်း  များစွာရှိပြီး ရွေးချယ်စရာတွေ ကလည်း များပြားလာပါတယ်။  ဒီအထဲကမှ ရောင်စုံ ဘန်ဂလိုတွေ နဲ့ ထူးထူးခြားခြား တည်ဆောက်ထားတဲ့ ဒုဋ္ဌဝတီတိမ်ပင်လယ်         အပန်းဖြေစခန်းအသစ် အကြောင်း ဖော်ပြပေးချင်ပါတယ်။
နောင်ချိုကြီးကျေးရွာနဲ့ သိပ်မဝေးလှတဲ့ မဲပုတ် ကျေးရွာမှာတည်ရှိပြီး ဒုဋ္ဌဝတီတိမ်ပင်လယ်စခန်းလို့ အမည်ရှိတဲ့ တိမ်ပင်လယ်စခန်းကို အောက်တိုဘာ ၁ ရက်မှာ   စတင်ဖွင့်လှစ်တော့မှာ    ဖြစ်ပါတယ်။   ဒီအပန်းဖြေစခန်းကိုတော့ မြေဧက ငါးဧကပေါ်မှာ ဖော်ဆောင်ထားပြီး မြင်းစီးကွင်း ၊ စက်ဘီးစီးကွင်း၊ ပန်းခြံအပြင်   နာနတ်သီးစိုက်ခင်းတွေပါ ထည့်သွင်း စိုက်ပျိုးထားတယ်လို့ နောင်ချိုဒေသခံ ရင်းနှီးမြှုပ်နှံသူ တစ်ဦးဖြစ်တဲ့  ဦးသိန်းလွင်ဦးက စာရေးသူကို ပြောပြ ပါတယ်။
မဲပုတ်ကျေးရွာမှာဖွင့်ထားတဲ့        ဒုဋ္ဌဝတီတိမ် ပင်လယ် အပန်းဖြေစခန်းကို Luxury Type ပုံစံမျိုး ဖွင့်ထားတာဖြစ်ပြီး ပြင်ဦးလွင်မြို့ကိုရောက်ရှိတဲ့ ခံစားမှုမျိုးလေးကိုလည်း ရရှိပါတယ်လို့ သွားရောက် လည်ပတ်ခဲ့တဲ့   ခရီးသွားတစ်ဦးက   စာရေးသူကို ပြန်လည်မျှဝေပြောပြပါတယ်။ 
ရွက်ဖျင်တဲနှင့် ဘန်ဂလိုများ
ဒုဋ္ဌဝတီတိမ်ပင်လယ်စခန်းမှာ ရွက်ဖျင်တဲ ၁၁ လုံး နဲ့ ရောင်စုံဘန်ဂလို လုံးချင်းအိမ် ၁၄ ​လုံး စုစုပေါင်း ၂၅   လုံးရှိပါတယ်။    လေးယောက်နေထိုင်နိုင်တဲ့ ဘန်ဂလိုငှားရမ်းခ    စျေးနှုန်းက   ကျပ် နှစ်သိန်း၊ ရှစ်ယောက် နေထိုင်နိုင်တဲ့ ဘန်ဂလိုစျေးနှုန်းက  ကျပ် ၃၂၀၀၀၀ ဖြစ်ပြီး နှစ်ယောက်အိပ် ရွက်ဖျင်တဲငှားမယ် ဆိုရင်တော့ ကျပ်ရှစ်သောင်းဖြစ်တယ်လို့  သိရပါ တယ်။
နောင်ချိုမြို့ရဲ့တိမ်ပင်လယ် ရာဇဝင်ကို ပြန်ကြည့် ရင်တော့ တိမ်ပင်လယ်ကို စတင်ဖော်ဆောင်ခဲ့တာက ဦးထွန်းရွှေတိမ်ပင်လယ်ဖြစ်တယ်လို့ နောင်ချိုကြီး ကျေးရွာအုပ်ချုပ်ရေးမှူးက စာရေးသူကို ပြောပြပါ တယ်။ ရှမ်းတောင်တန်းတွေရဲ့တောင်ထိပ်လေးတွေ မှာ    ရွက်ဖျင်တဲလေးတွေနဲ့   တိမ်ပင်လယ်တွေကို ကြည့်ရှုကြရာက   စတင်လာခဲ့ကြပြီး  အခုဆိုရင်   ဧည့်သည်တွေရဲ့         စိတ်​ကြိုက်ရွေးချယ်စရာတွေ များလောက်အောင်            တိမ်ပင်လယ်စခန်းတွေကို တစ်ခုပြီးတစ်ခု     ဖွင့်လာခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင် နောင်ချို မြို့မှာ တိမ်ပင်လယ်စခန်းတွေ ၁၅ ခု ဝန်းကျင် ရှိလာနေပါပြီ။ 
တိမ်ပင်လယ်ကြည့်လို့ရတဲ့ စခန်းတွေ
လက်ရှိမှာ နောင်ချိုကြီးကျေးရွာက တိမ်ပင်လယ် ကြည့်လို့ရတဲ့    စခန်းတွေကတော့   တိမ်ပင်လယ် ဦးထွန်းရွှေ၊ သတ္တမမြောက် ကောင်းကင်ဘုံ ၊ Cherry Hill Resort ၊ Sky Resort ၊ Cotton Hill ၊ ထင်ရှားမောင် တိမ်ပင်လယ်စခန်း၊  Win Villa နှင့် Naykyar Villa စတဲ့စခန်းတွေဖြစ်ပြီး  နောက်ထပ်တိမ်ပင်လယ်စခန်း အသစ်တွေလည်း ထပ်မံဖွင့်လှစ်သွားဖို့ရှိသေးတယ် လို့ ​နောင်ချိုကြီး ​ကျေးရွာအုပ်ချုပ်​ရေးမှူးက ပြောပါ တယ်။  တိမ်ပင်လယ်စခန်းတွေရဲ့ ဈေးနှုန်းတွေက မတူညီကြပါဘူး။ အနည်းဆုံး ကျပ်သုံးသောင်းကနေ အများဆုံး ကျပ်လေးသိန်းအထိ စျေးနှုန်းအစားစား ရှိကြပါတယ်။  နောင်ချိုကြီးကျေးရွာနဲ့  သိပ်မဝေးတဲ့ မဲပုတ်ကျေးရွာမှာ    ဓနုတိုင်းရင်းသားတွေ     များစွာ နေထိုင်ကြပါတယ်။ 
ဒီဒေသရဲ့ သဘာဝကျေးလက်အလှတရားတွေကို ဖော်ထုတ်ပြသရာလည်းရောက်မယ်၊ ဒေသခံတွေရဲ့ အလုပ်အကိုင်တွေလည်း    ရရှိစေမယ့်အပြင်  ဓနု တိုင်းရင်းသားတို့ရဲ့      ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှု တွေ၊   ဓလေ့ထုံးတမ်းတွေကို    ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်တွေကို  သိစေချင်တဲ့ ရည်ရွယ်ချက် တွေကြောင့်   အခုလိုမျိုး    ဒုဋ္ဌဝတီတိမ်ပင်လယ်စခန်း ကို    ဖွင့်လှစ်ခဲ့တာပါလို့         အပန်းဖြေစခန်းပိုင်ရှင် ဦးဖြိုးဝေလင်းက စာရေးသူကို ပြောပြပါတယ်။
ဒုဋ္ဌဝတီတိမ်ပင်လယ်စခန်းကို      လာရောက် လည်ပတ်ကြတဲ့    ဧည့်သည်တွေအတွက်     ထူးထူး ခြားခြားအနေနဲ့  ကိန္ဒရီကိန္ဒရာ  အကအလှတွေ၊ ရှမ်းအိုးစည်နဲ့ ဓနုအကအလှတွေကို အောက်တိုဘာ ၁ ရက်ကစပြီး  နေ့စဉ် ည ၇ နာရီမှ ည ၉ နာရီအထိ ဖျော်ဖြေပေးသွားမှာဖြစ်တယ်လို့            ဒုဋ္ဌဝတီတိမ် ပင်လယ်စခန်းမှ မန်နေဂျာ   မအင်ကြင်းက  ပြောပါ တယ်။  
အခုလိုမျိုး တိမ်ပင်လယ်စခန်းတွေ အပြိုင်အဆိုင် ဖွင့်လာရတဲ့   အကျိုးကျေးဇူးတွေကတော့ ဒေသရဲ့ အလှအပတွေကို ဖော်ထုတ်ပြသပေးနိုင်ပြီး ပြည်တွင်း ခရီးသွား     လုပ်ငန်းတွေ  ကို     ပိုပြီးဖွံ့ဖြိုးတိုးတက် လာစေပါတယ်။     မတူညီတဲ့    ရိုးရာ   အစားအစာတွေကို မြည်းစမ်းနိုင်တယ်။ ချစ်စရာ ကောင်းလှတဲ့ တိုင်းရင်းသား တွေ့ရဲ့     ရိုးရာဓလေ့တွေကို  မြင်တွေ့ ခွင့်ရစေပါတယ်။ 
တိမ်ပင်လယ်ရှုခင်းတွေ ကို    သဘောကျတဲ့သူတွေ အနေနဲ့လည်း      တိမ်တွေ အလိပ်လိပ်တက်လာတဲ့ မြင်ကွင်းကို ကြည့်ချင်လား၊ လွင့်မျောလာတဲ့ တိမ်စိုင်တိမ်ခဲတွေကို ငေးမောကြည့် ချင်လား၊   စိတ်ဖိစီးမှုတွေကို    လျှော့ချချင်လား၊   တောင်တန်းတွေနဲ့အပြိုင်   တိမ်ပင်လယ်အလှတရား တွေကို ကြည့်ရှုချင်သလား။ သဘာဝရဲ့ အလှအပ ကြားထဲမှာ   ယစ်မူးပြီး      လှပငြိမ်းချမ်းတဲ့နေရာလေး မှာ   အနားယူချင်ရင်တော့   နောင်ချိုမြို့က   ဓနု တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ မဲပုတ်ကျေးရွာက ဒုဋ္ဌဝတီတိမ်ပင်လယ်      အပန်းဖြေစခန်းဆီကို သွားရောက်လည်ပတ်နိုင်စေဖို့   ခရီးသွားနေရာသစ် တစ်ခုအကြောင်း           ရေးသားဖော်ပြပေးလိုက်ရ ပါတယ်။      ။