တီးတိန်မြို့၌ မုန်တိုင်းအန္တရာယ် ယာယီတိမ်းရှောင်စခန်းရှိ ပြည်သူများအား ကူညီထောက်ပံ့ပြီး နေအိမ်များသို့ စနစ်တကျပြန်လည်ပို့ဆောင်ပေး

 

တီးတိန်    မေ    ၁၆


ချင်းပြည်နယ်     တီးတိန်ခရိုင်  တီးတိန်မြို့၌   ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ      စီမံခန့်ခွဲမှု   ကော်မတီဥက္ကဋ္ဌ    ဦးအောင်ချမ်း ငြိမ်း     ဦးဆောင်မှုဖြင့်    ခရိုင် ကော်မတီဝင်များ၊ မြို့နယ်သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင် များ၊    မြို့မိ၊   မြို့ဖများသည်   မေ ၁၅ ရက်က သဘာဝဘေး ယာယီ တိမ်းရှောင်စခန်း      ခွာဒိုခန်းမရှိ ပြည်သူများထံ        သွားရောက် ကူညီထောက်ပံ့ကာ     နေအိမ် များသို့    စနစ်တကျ    ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း      သိရ သည်။

 


ထိုသို့သဘာဝဘေးရှောင်စခန်းရှိ ပြည်သူများအား မှတ်ပုံတင် ကတ်(အသစ်)   ပြုလုပ်သူများထံ   လက်ဝယ်အရောက်ပေးခြင်း၊ ကျန်းမာရေးဌာနက ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ အခြေခံ စားသောက်ကုန်များ   ထောက်ပံ့ပေးခြင်းများ   ဆောင်ရွက်ပေး ခဲ့သည်။

 


ဆက်လက်၍ ယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စု ၂၃ စု၊     လူဦးရေ ၁၀၇ ဦးတို့ကို   ၎င်းတို့၏  နေရပ်(နေအိမ်)များသို့   စနစ် တကျ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း  သိရသည်။          

မိုးမိုး