တီထွင်မှုမူပိုင်ခွင့်ဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် ၁ဝ၆ / ၂၀၂၄
၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် 
(၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်)
တီထွင်မှုမူပိုင်ခွင့်ဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်ခြင်း
၂ဝ၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၇ ဖြင့် ပြဋ္ဌာန်းခဲ့သော တီထွင်မှု မူပိုင်ခွင့်ဥပဒေ သည် ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက် ( ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်) နေ့တွင် စတင်အာဏာ တည်ကြောင်း ယင်းဥပဒေ ပုဒ်မ ၁ ပုဒ်မခွဲ (ခ) အရ သတ်မှတ်လိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။
                                                   (ပုံ)
                မင်းအောင်လှိုင်
                ဗိုလ်ချုပ်မှူးကြီး
            ဥက္ကဋ္ဌ
            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ