တီထွင်ဆန်းသစ်သော တန်ဖိုးမြှင့်ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့်နည်းပညာများ သင်ကြားပို့ချ

 

 

ရန်ကုန်    ဇန်နဝါရီ    ၂၄ 
သိပ္ပံနှင့်    နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနကကြီးမှူး၍   မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ ၂၀၂၀ ဖြင့် အကောင် အထည်ဖော်        ဆောင်ရွက်မည့် “မဲခေါင်ဒေသရှိ  ဝါး   ဆန်းသစ် တီထွင်မှု   ထုတ်ကုန်များဆိုင်ရာ  စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန် မြို့ Melia Hotel ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် သိပ္ပံ နှင့်       နည်းပညာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး မှ Minister Counsellor Madam Li Xiao Yan ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ   ညွှန် ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် နိုင်ငံတကာ     ကြိမ်နှင့်ဝါးအဖွဲ့ အစည်း (International Bamboo and Rattan Organization – INBAR)မှ ညွှန်ကြားရေးမှူးချုပ်   Mr. Ali Mchumo တို့က အဖွင့် အမှာ စကားပြောကြားကြသည်။
သင်တန်းဖွင့်ပွဲသို့ ကမ္ဘောဒီး ယား  သံအမတ်ကြီး H.E. Mr. CHHOUK Bunna ၊   လာအိုနိုင်ငံ သံရုံးမှ Deputy Chief of Mission Mr. Bounnhang KEOSAVANG ၊ တရုတ်နိုင်ငံသံရုံး၊      ထိုင်းနိုင်ငံ သံရုံးနှင့် ဗီယက်နမ်နိုင်ငံသံရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊  ဌာနဆိုင်ရာ အကြီးအကဲများ၊   တရုတ်နိုင်ငံမှ  ကျွမ်းကျင်ပညာရှင် ပါမောက္ခများ၊ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးအသင်း၊ မြန်မာနိုင်ငံ    ဝါးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ “ဝါးလက်မှုနည်းပညာ ဆရာဖြစ်သင်တန်း”၊  “မဲခေါင် ဒေသရှိ  ဝါး  ဆန်းသစ်တီထွင်မှု ထုတ်ကုန်များဆိုင်ရာ   စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုသင်တန်း” တို့မှ   သင်တန်းသားများ   တက် ရောက်ကြသည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည် သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနတွင် ဖွင့်လှစ် သည့် Training of Trainers on Bamboo Weaving Art သင်တန်း သို့ရောက်ရှိပြီး သင်တန်းသားများ လက်တွေ့    ဆောင်ရွက်နေခြင်း နှင့်   Bamboo    Architecture Demonstration Unit  တည် ဆောက်ထားရှိမှုတို့ကို      လှည့် လည်ကြည့်ရှုသည်။
“ဝါးလက်မှုနည်းပညာ ဆရာ ဖြစ်သင်တန်း”ကို တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ဇန်နဝါရီ ၂၄ ရက်မှ ၂၈ ရက်အထိ အွန်လိုင်း (Virtual Mode)  ဖြင့်   သင်ကြား ပေးမည်ဖြစ်ပြီး နှီးဖြာခြင်း၊ ဆေး ဆိုးခြင်း၊ လက်မှုပစ္စည်းများ အနု စိတ်ဆောင်ရွက်ခြင်းတို့ကို စာတွေ့  လက်တွေ့     သင်ကြားပေးမည် ဖြစ်သည်။ 
“မဲခေါင်ဒေသရှိ ဝါး ဆန်းသစ် တီထွင်မှု   ထုတ်ကုန်များဆိုင်ရာ  စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု  သင်တန်း”တွင် ဝါးစက်မှုလုပ်ငန်း ဆိုင်ရာ မူဝါဒနှင့် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ တီထွင်  ဆန်းသစ်သော     တန်ဖိုးမြှင့်ဝါး ထုတ်ကုန်ပစ္စည်းများ   ထုတ်လုပ် သည့် နည်းပညာများကို သင်ကြား ပို့ချမည်ဖြစ်သည်။
အဆိုပါစီမံကိန်းသည် မြန်မာ နိုင်ငံအပါအဝင် မဲခေါင်ဒေသနိုင်ငံ များအတွက်   ဝါးစက်မှုလုပ်ငန်း များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေခြင်း၊ သုတေသနလုပ်ငန်းများ၊ ဆန်းသစ်တီထွင်သော    တန်ဖိုး မြှင့်ထုတ်လုပ်သည့်  နည်းပညာ များကို အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းရှင်များ အား  ပံ့ပိုးကူညီပေးခြင်း၊ တန်ဖိုး မြှင့်  ဝါးထုတ်ကုန်ပစ္စည်းများကို  နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင် ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံအချင်း ချင်း ပူးပေါင်းဆောင်ရွက်မှုများ  ပိုမိုအား    ကောင်းလာနိုင်မည် ဖြစ်သည်။ 
သတင်းစဉ်