
တီကျစ် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပင်လောင်းမြို့နယ် တီကျစ်မြို့အတွင်း လျှပ်စစ်ဓာတ်အားအန္တရာယ် ကင်းရှင်းစေရန်၊ ဓာတ်အားအပြည့်အဝသုံးစွဲနိုင်ရန်၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုများ လျှော့ချရန်နှင့် တရားမဝင်သုံးစွဲမှု များမရှိစေရန် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းက ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၂ ရက် တွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုင်းရန်နိုင်နှင့် ဝန်ထမ်းများက ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် မီတာ စစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ပေးသည်။
တရားမဝင် ဓာတ်အားသုံးစွဲမှုမရှိစေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာများတွင် တပ်ဆင်အသုံးပြုလျက် ရှိသော မီတာများ ရပ်/ပျက်/နှေး ဖြစ်ပေါ်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ယင်းသို့ စစ်ဆေးမှုများကို လစဉ်သတ်မှတ် ရက်များအလိုက် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူထံမှ သိရသည်။
ကိုလေး(ပြန်/ဆက်)