
နေပြည်တော် ဩဂုတ် ၉
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေ ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ကျင်းပရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲ ဆက်လက်ကျင်းပရာ ဒိုင်အဖွဲ့ဝင်များ၊ တစ်ဦးချင်း ဆုရရှိသူများ၊ အသင်းလိုက် ဆုရရှိသူများနှင့် ဒိုင်းဆုရရှိသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းတို့ကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် ဇူလိုင် ၂၅ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားကြောင်း သိရသည်။
သတင်းစဉ်