
နေပြည်တော် နိုဝင်ဘာ ၁၄
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အမှတ်(၂) စက်မှုသင်တန်း ကျောင်း (မန္တလေး)နှင့် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် အမှတ်(၂) စက်မှုသင်တန်းကျောင်းအုပ် ကြီးနှင့် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီး ဌာနမှူးတို့က ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု များကို ရှင်းလင်တင်ပြသည်။
ဆွေးနွေးပြောကြား
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)၏ လုပ်ငန်းသစ်စီမံကိန်းတွင် CNC စက်များ အသစ်ထပ်မံဖြည့်တင်းမည်ဆိုပါက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများ နှင့် စက်မှုဝန်ကြီးဌာနရှိ စက်ရုံများ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း၊ သင်တန်းများကို အသစ်တိုးချဲ့ဖွင့်လှစ်ပါက ဒေသတွင်းလိုအပ်ချက် စာရင်းများ ကောက်ယူဆောင်ရွက်စိစစ်ပြီးမှ လိုအပ်ချက်အတိုင်း တိုးချဲ့ဖွင့်လှစ်ရန်လိုအပ်ကြောင်း၊ သင်တန်းသားများအား Certificate of Competency - COC နှင့် Certificate of Proficiency- COP အား ခွဲခြားသိရှိနိုင်ရေး ရှင်းလင်းပေးရန် လိုအပ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အမှတ်(၂)စက်မှုသင်တန်း ကျောင်း (မန္တလေး) တို့ ချိတ်ဆက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
သိရှိလိုက်နာဆောင်ရွက်
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ဥပဒေ (၄)ရပ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရမည် ဖြစ်ပြီး အဆိုပါဥပဒေ(၄)ရပ်အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ(၂၉)နှင့် ပုဒ်မ(၃၀) တို့ကိုလည်း သိရှိ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနတစ်ခု ချင်းအလိုက် အလုံးစုံအရည်အသွေးစီမံခန့်ခွဲမှု (Total Quality Management) စနစ်ထူထောင်ပြီး လုပ်ငန်းစွမ်းဆောင်နိုင်မှုအညွှန်းကိန်း (Key Performance Indicator - KPI) များ သတ်မှတ် ဆောင်ရွက်ရန်၊ ဘွိုင်လာစစ်ဆေးရေးဌာနအနေဖြင့် သက်တမ်း နှစ် ၁၀၀ အထက်ရှိ ဘွိုင်လာများ၏ ဓာတ်ပုံမှတ်တမ်းများပြုစုတင်ပြသွားရန်၊ SME လုပ်ငန်းများ၏ လိုအပ်ချက်များကို မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရန်နှင့် နည်းပညာပံ့ပိုးပေးမှုများ အား လက်တွေ့တွင် အသုံးချနိုင်ရေး ဆောင်ရွက်ရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိထိရောက်ရောက် အောင်မြင်ရန် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း အရည်အသွေး ပြည့်မီသော ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်ရန် လမ်းညွှန်မှာကြားထားသဖြင့် အရည်အသွေး ပြည့်ဝ သော ထုတ်ကုန်များထုတ်လုပ်သည့် စက်ရုံများ ဖြစ်ရန်လိုအပ်ကြောင်း၊ အရည်အသွေးပြည့်ဝပြီး အာမခံချက်ရှိသော စက်ရုံများဖြစ်စေရေးအတွက် Quality Management (Quality of an Organization)၊ CAPA ၊ Root Cause Analysis ၊ Risk Management နှင့် Ministry of Industry’s Role in Industrial 4.0 များကို ဝန်ထမ်းများအား ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်