
နေပြည်တော် အောက်တိုဘာ ၁၆
ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်လျက်ရှိသည်။
ထိုသို့ တပ်ဆင်ထုတ်လုပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ အောက်ဆီဂျင် အခမဲ့ပေးဝေရေးစက်ရုံကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လွယ်ဆီး ကိုဗစ်-၁၉ ရောဂါ ကုသဆောင်အတွက် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသားများအား ကျိုင်းတုံမြို့ စည်ပင်ရိပ်သာ ခန်းမဆောင်၌ တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ထောက်ပံ့ငွေများ နှင့် အားကစားပစ္စည်းများကို ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံယူပြီး ကျေးဇူးတင် စကားများ ပြန်လည်ပြောကြားကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်