
ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် များကို ကျင့်သုံး၍ (၃၀-၃-၂၀၂၁) ရက်နေ့တွင် တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် အမိန့်၊ အမိန့်အမှတ် (၂/၂၀၂၁) ဖြင့် တေးသံသွင်း လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် များအား (၁)နှစ် သက်တမ်းဖြင့် ခွင့်ပြုပေး လျက်ရှိပါသည်။
မှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံး ပါက တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် အခန်း(၂)၊ အပိုဒ် ၁၁ နှင့် ၁၂ အရ သက်တမ်း ကုန်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း (၃၀)ကြိုတင်ပြီး သတ်မှတ်ပုံစံနှင့်အတူ မှတ်ပုံ တင်ကြေးကျပ်၅၀၀၀/- (ကျပ်ငါးထောင် တိတိ) ပေးသွင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းဖြစ်ပါက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ လည်း ကောင်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ် များအတွင်းဖြစ်ပါက သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးများမှတစ်ဆင့် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ လည်းကောင်း ဆက်သွယ်၍ တေးသံသွင်းလုပ်ငန်းလုပ်ကိုင် ခွင့်မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးခြင်း များကို လာရောက်ဆောင်ရွက်ရမည်ဖြစ် ပါသည်။
တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ် ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းလုပ်ကိုင်ခွင့် မရှိကြောင်း၊ သက်တမ်းကုန်လွန်သော လုပ်ကိုင်ခွင့်မှတ်ပုံတင် လက်မှတ်များဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့် မရှိကြောင်း၊ သက်တမ်းကုန်ဆုံးပြီး လုပ်ငန်းဆက်လက် လုပ်ကိုင်ပါက တေးသံသွင်းလုပ်ငန်းလုပ်ကိုင် ခွင့် အမိန့်အရ အရေးယူခံရမည်ဖြစ်ကြောင်း နှင့် အသေးစိတ်အချက်အလက်များ သိရှိလို ပါက ဖုန်း-၀၁-၇၅၃၆၃၆၁ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း အသိပေးကြေညာ အပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန