တေးသံသွင်းလုပ်ငန်းလုပ်ကိုင်သူများအား တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်အသစ်ပြုလုပ်ရန်နှင့် သက်တမ်းတိုးလဲလှယ်ရန်အသိပေးကြေညာခြင်း

 

ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ (၃၀-၃-၂၀၂၁) ရက်နေ့တွင်  တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်၊ အမိန့်အမှတ် (၂/၂၀၂၁) ဖြင့် တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်များအား (၁)နှစ်  သက်တမ်းဖြင့် ခွင့်ပြုပေးလျက်ရှိပါသည်။
    မှတ်ပုံတင်လက်မှတ်  သက်တမ်းကုန်ဆုံးပါက   တေးသံသွင်း လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်  အခန်း(၂)၊  အပိုဒ် ၁၁ နှင့် ၁၂ အရ သက်တမ်းကုန်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း (၃၀)ကြိုတင်ပြီး သတ်မှတ်ပုံစံနှင့်အတူ မှတ်ပုံတင်ကြေးကျပ် ၅၀၀၀/- (ကျပ်ငါးထောင် တိတိ) ပေးသွင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းဖြစ်ပါက ပြန်ကြား ရေးဝန်ကြီးဌာန၊  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ လည်းကောင်း၊  အခြားတိုင်းဒေသကြီး/ ပြည်နယ်များအတွင်းဖြစ်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှတစ်ဆင့် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့လည်းကောင်း ဆက်သွယ်၍ တေးသံသွင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်  သက်တမ်းတိုးခြင်းများ ကို လာရောက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
    သက်တမ်းကုန်လွန်သော လုပ်ကိုင်ခွင့်မှတ်ပုံတင် လက်မှတ်များ ဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့် မရှိကြောင်း၊ သက်တမ်းကုန်ဆုံး ပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်ပါက တေးသံသွင်းလုပ်ငန်းလုပ်ကိုင် ခွင့်အမိန့်အရ  အရေးယူခံရမည်ဖြစ်ကြောင်းနှင့်  အသေးစိတ်အချက် အလက်များ သိရှိလိုပါက ဖုန်း-၀၁-၇၅၃၆၃၆၁ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။
    ပြန်ကြားရေးဝန်ကြီးဌာန