တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ပြသမှုများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် အသိပေးကြေညာခြင်း

 

တေးသီချင်းဗီဒီယိုများကို   နည်းလမ်း မျိုးစုံဖြင့်     ရိုက်ကူးထုတ်လွှင့်ပြသမှုများ ဆောင်ရွက်ခြင်းမပြုမီ  ရုပ်ရှင်ဥပဒေ၊  ရုပ်မြင် သံကြားနှင့်     ဗီဒီယိုဥပဒေတို့အရ   ရုပ်ရှင် ဆင်ဆာအဖွဲ့နှင့်  ဗီဒီယိုဆင်ဆာအဖွဲ့တို့သို့တင်ပြပြီး စစ်ဆေးခွင့်ပြုချက်   ရယူဆောင် ရွက်သွားရမည်ဖြစ်ကြောင်းကို ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် အသိပေးကြေညာခဲ့ပြီး ဖြစ်သော်လည်း   တေးသီချင်းဗီဒီယိုများကို ထုတ်လုပ်သူများက ၎င်းတို့၏  တာဝန်ယူမှု၊   တာဝန်ခံမှုများဖြင့် ဆောင်ရွက်လိုကြောင်း   တင်ပြမှုများရှိသည့်အတွက် ဆင်ဆာမူဝါဒ များအား ထိခိုက်စေနိုင်ခြင်းမရှိစေရေး မိမိတို့ ကိုယ်တိုင်   တာဝန်ယူမှု၊   တာဝန်ခံမှုများဖြင့် စိစစ်ပြီး       ရိုက်ကူးထုတ်လွှင့်ပြသမှုများ     ဆောင်ရွက်နိုင်ကြောင်းနှင့်  ဆင်ဆာတင်ပြ  ခွင့်ပြုချက်ရယူပြီး  ဆောင်ရွက်လိုပါကလည်း အမြန်ဆောင်ရွက်ပေးမည်      ဖြစ်ကြောင်း    အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။
ထုတ်လုပ်သူများအနေဖြင့် တေးသီချင်း ဗီဒီယိုများကို မည်သည့်အချိန်က ရိုက်ကူးခဲ့ သည်ဖြစ်စေ ရုပ်ရှင်ဆင်ဆာအဖွဲ့နှင့် ဗီဒီယို ဆင်ဆာအဖွဲ့တို့သို့ တင်ပြပြီး စစ်ဆေးခွင့်ပြု ချက်      ရယူဆောင်ရွက်နိုင်ပါကြောင်းနှင့် ဆင်ဆာမူဝါဒများနှင့်   ညီညွတ်ခြင်းမရှိဘဲ ရိုက်ကူးထုတ်လွှင့်ပြသမှုများ ဆောင်ရွက် ပါက    ရိုက်ကူးသူ    ဒါရိုက်တာအပါအဝင် သရုပ်ဆောင်များ၊     ထုတ်လွှင့်ပြသသူများ၊ စီစဉ်သူ၊ ဇာတ်ညွှန်းရေးသူ စသည့်ဆက်စပ် ပါဝင်သူများအားလုံးကို တည်ဆဲဥပဒေများ နှင့်အညီ  အရေးယူ   ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ 
ပြန်ကြားရေးဝန်ကြီးဌာန