တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ညှိနှိုင်းစည်းဝေး

 

နေပြည်တော် အောက်တိုဘာ ၁၁


၂၀၂၁-၂၀၂၂   ဘဏ္ဍာနှစ်   မီနီ ဘတ်ဂျက်   ခြောက်လအတွင်း တောရိုင်းတိရစ္ဆာန်များ  အတွက် နေရင်းဒေသများ  ပြန်လည်တည် ထောင်ခြင်းလုပ်ငန်း  အစီအစဉ် အကောင်အထည်     ဖော်မှုကို  တင်ပြခြင်း      အွန်လိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် ကျင်းပသည်။
အစည်းအဝေးတွင်  သစ်တော ဦးစီးဌာန     ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က     ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အနေနှင့်     RNH ကို   ရေးဆွဲ ဆောင်ရွက်ခြင်းသည်            UN Decade     on     Ecosystem Restoration 2021−2030 တွင် အချိန်ကိုက်   ပါဝင်ဆောင်ရွက်မှု တစ်ခုဖြစ်ပါကြောင်း၊   စီမံကိန်း လုပ်ငန်းများ ထိရောက်အောင်မြင် စွာ အကောင်အထည်ဖော်နိုင်ရေး အတွက်  စွမ်းဆောင်ရည်မြှင့်တင် ခြင်း    သင်တန်းများကိုလည်း ပို့ချပေးထားပြီးဖြစ်ပြီး သင်တန်း များတွင်   ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ လုပ်ငန်းများအပြင်   ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ     ပို့ချ ချက်များကိုလည်း   ထည့်သွင်း ပို့ချပေးခဲ့ပါကြောင်း၊   ဥယျာဉ်/ဘေးမဲ့တော   ၁၉ ခု   အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် RNH လုပ်ငန်းများကို     အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည် ကိုလည်း  သုံးလပတ်၊ ခြောက်လ ပတ်နှင့်   နှစ်ချုပ်အစီရင်ခံစာများမှတစ်ဆင့်    တွေ့ရှိရပြီး  ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်တွင်    RNH လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်    ကိုဗစ်-၁၉ ကူးစက်ရောဂါ   ဖြစ်ပွားမှု အခြေအနေနှင့်   ဝန်ထမ်းများ လုံခြုံရေး  အခြေအနေကြောင့် အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ရပါကြောင်း။
ယနေ့    အစည်းအဝေးတွင် ဥယျာဉ်/ဘေးမဲ့တော ၁၉ ခု အနေ ဖြင့်   ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီ ဘတ်ဂျက်       ခြောက်လတွင် အကောင်အထည်ဖော်ဆောင်ရွက် မည့်    လုပ်ငန်းများနှင့်ပတ်သက် ပြီး   ကြိုတင်ပြင်ဆင်ထားမှုနှင့်  ဆောင်ရွက်မည့်  အစီအမံများကို ပြည်စုံစွာ   တင်ပြသွားကြရမည် ဖြစ်ပါကြောင်း  ပြောကြားသည်။
အခမ်းအနားသို့    သစ်တော ဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  ညွှန်ကြားရေးမှူးများ နှင့်   ဥယျာဉ်/ ဘေးမဲ့တောများမှ အုပ်ချုပ်ရေးမှူးများ  တက်ရောက် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်