
မကွေး ဧပြီ ၆
သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မ ရိပ်သာ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ ပညာ ဇောတ ဦးစီးပဓာနပြု၍ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် တပည့်သာဝကအပေါင်းတို့ စုပေါင်း၍ ကျင်းပပြုလုပ်သော တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အသီးသီးမှ ရှင်သာမဏေလောင်းများအား သာသနာ့ဘောင်သို့ သွတ်သွင်းခြင်း မင်္ဂလာ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီက တောင်တွင်းကြီး မြို့နယ် ဗိဿနိုးပျူမြို့တော်ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားအနီးရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပ သည်။
အခမ်းအနားသို့ ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတ အမှူးပြုသော ဆရာတော်သံဃာ တော်များ ကြွရောက်ချီးမြှင့်တော်မူပြီး မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အသီးသီးမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သာသနာ့ဘောင်သို့ ဝင်ရောက်မည့် ရှင်သာမဏေ လောင်းလျာများနှင့် မိဘအုပ်ထိန်းသူများ တက် ရောက်ကြသည်။
ဦးစွာ သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင် တောရဓမ္မရိပ်သာ ဆရာတော်ကြီး၏ စီစဉ်ပေးမှု ဖြင့် ရှင်သာမဏေလောင်း ၅၆၀၂ ဦးအတွက် သပိတ်၊ သင်္ကန်းနှင့် တူညီဝတ်စုံများ ထောက်ပံ့ ပေးသည်။
ထို့နောက် ရှင်သာမဏေလောင်းများက ဆရာ တော်ကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတထံမှ သင်္ကန်းတောင်း၍ ဆယ်ပါးသီလခံယူ ဆောက်တည်ခဲ့ ပြီးနောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာသည့် အလှူရှင်များ၊ ဧည့်ပရိသတ် များက ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တပညာ ဇောတ အမှူးပြုသော သံဃာတော်များနှင့် ရှင်သာမဏေများကို ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ရှင်သာမဏေများ အား ကိုရင်များအတွက် ဘဝတစ်သက်တာ လိုက်နာ စရာစာအုပ်များဖြန့်ဝေ၍ ဆရာတော်များက ပို့ချပေး ခဲ့ပြီး ဧပြီ ၇ ရက်တွင်လည်း အလှူတော်မင်္ဂလာ ရေစက်ချတရားနာခြင်း၊ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ရှင်သာမဏေများအား ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
မောင်ညီညာ