တောင်တွင်းကြီးမြို့၌ စားသုံးဆီ ပိဿာပေါင်း ၇၀၀ ကျော်ကို ဈေးနှုန်းသက်သာစွာရောင်းချပေး

 

တောင်တွင်းကြီး    ဩဂုတ်    ၁၆


မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့၌ ကြက်သွန်စိုက်တောင်သူ များနှင့် မိသားစုဝင်များ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ   ဆီကုန်သည်နှင့်   ဆီလုပ်ငန်းရှင်များအသင်း  Six Winner Brothers Co.,Ltd ၏ ပံ့ပိုးမူဖြင့် ဦးသန်းရွှေ(ခ)ဦးပြူးနှင့် သမီးများ ကြက်သွန်ပွဲရုံက  တစ်ဦးလျှင်  ဆီတစ်ပိဿာ  ငွေကျပ်  ၄၂၀၀   နှုန်းဖြင့် ကျောင်းကုန်းကျေးရွာတွင် ယမန်နေ့နံနက်က ရောင်းချပေးခဲ့ကြောင်း သိရသည်။ 

 


ရောင်းချပေး


ထိုသို့ရောင်းချပေးသော မီးဖိုချောင်သုံးစားသုံးဆီများကို စားသုံးသူ ရေးရာဦးစီးဌာန   မြို့နယ်ဦးစီးမှူး   ဒေါ်ဌေးဌေး၏    ကြီးကြပ်မှုဖြင့် တစ်ဦးလျှင်  ဆီတစ်ပိဿာ  ၄၂၀၀ ကျပ်နှုန်းဖြင့်  တောင်သူများအား ဆီပိဿာချိန်ပေါင်း  ၇၇၀ အား  ရောင်းချပေးသည်။

 


ထိုသို့ဆောင်ရွက်ခြင်းကို    ဩဂုတ်  ၁၅  ရက်မှ  ၁၇  ရက်အထိ သုံးရက်ကြာ ရောင်းချပေးသွားမည်ဖြစ်ပြီး တစ်ရက်လျှင် ဆီပိဿာ ၇၇၀  အား   စားသုံးသူများ   လက်ဝယ်အရောက်    ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။                   

မြို့နယ်(ပြန်/ဆက်)