
နတ်မောက် ဒီဇင်ဘာ ၂၀
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေ စေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် တောင်တွင်းကြီးမှ ပုဂံအထိ အစုန်အဆန်လူစီးရထားများကို ဒီဇင်ဘာ ၁ ရက်မှစတင် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ တောင်တွင်းကြီးမှ ကျောက်ပန်းတောင်း- ပုဂံလမ်းပိုင်းတွင် မီးရထား ပြေးဆွဲမှုမရှိခဲ့၍ ခရီးသွားပြည်သူများသွားလာရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။ ရထားခရီးစဉ်မရှိ၍ မော်တော်ယာဉ်များကိုသာ အားကိုးအားထားပြု၍ ခရီးသွားရသဖြင့် ယာဉ်စီးခကြီးမြင့်စွာ စီးနင်း သွားလာရသည်။ ယခုအခါ အမှတ် (၁၀၈) အစုန်ရထားဖြင့် တောင်တွင်းကြီး ဘူတာအထိ လည်းကောင်း၊ အမှတ် (၁၀၇) အဆန်ရထားဖြင့် ကျောက်ပန်း တောင်း-ပုဂံအထိ လည်းကောင်း သွားလာ၍ ရနေကြောင်း၊ ခရီးသည် များအနေဖြင့် နတ်မောက်မှ တောင်တွင်းကြီးသို့ ရထားဖြင့် နေ့ချင်းပြန် သွားရောက်နိုင်သဖြင့် အလွန်အဆင်ပြေကြောင်း ရထားစီးခရီးသည် မချိုက ပြောသည်။
ပုဂံဘူတာမှ ထွက်ခွာလာသည့် အမှတ် (၁၀၈) အစုန်ရထားဖြင့် လိုက်ပါလာသူခရီးသွားများသည် တောင်တွင်းကြီးဘူတာတွင် ပျဉ်းမနားဘူတာသို့ ဆက်လက်ထွက်ခွာမည့် အမှတ်(၁၀၄) အစုန်ရထား သို့ ဆက်လက်ချိတ်ဆက်၍ နေပြည်တော်အထိ စီးနင်းနိုင်ကြောင်း၊ ယခုပြေးဆွဲနေသည့် တောင်တွင်းကြီး- မြို့သစ်- နတ်မောက်- ကျောက်ပန်းတောင်း- ပုဂံ ရထားလမ်းပိုင်းတွင် ဘူတာ ၁၇ ဘူတာ၌ ရထားရပ်နားပေးသဖြင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာ လိုက်ပါ စီးနင်းနိုင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)