တောင်သူများကို ကော်ဖီပျိုးပင် ၂၀၀၀၀၊ ကိုကိုးပျိုးပင် ၁၀၀၀၀ နှင့် ငွေကျပ် ၁၅၅ သိန်းတန်ဖိုးရှိ သဘာဝမြေဩဇာများထောက်ပံ့

 

နေပြည်တော် မတ် ၁၅


တနင်္သာရီတိုင်းဒေသကြီး၏   စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊  ဒေသ၏လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန်   မြိတ်မြို့၌   ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ ညနေပိုင်းတွင်    နှစ်ရှည်ပင်များ   သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန   အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊  ခရိုင်နှင့်မြို့နယ်အဆင့်  လယ်ယာ ကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ်   နိုင်ငံတော်၏   စားသုံးဆီဖူလုံရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ် စေမည့်   ဆီအုန်းသုတေသနလုပ်ငန်းများ   တိုးချဲ့ ဆောင်ရွက်ရန် ၊ တနင်္သာရီတိုင်းဒေသကြီး၏ စိုက်ပျိုး ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်၊ ရော်ဘာနှင့် အခြား နှစ်ရှည်ပင်   ဥယျာဉ်ခြံသီးနှံများနှင့် ရာသီသီးနှံများ အတွက်   လိုအပ်သော   သုတေသနလုပ်ငန်းများ ဆက်စပ်ဆောင်ရွက်သွားရန်          ကိစ္စရပ်များကို ဆွေးနွေးသည်။
ထို့ပြင်    ပြည်ထောင်စုဝန်ကြီးက   ဆီအုန်းနှင့် ရော်ဘာပင်တွင်  ကျရောက်သော  ပိုးမွှားရောဂါနှင့် အခြားဖျက်ဆီးတတ်သော   သတ္တဝါများ  ကာကွယ် နှိမ်နင်းရေးအတွက်  နည်းပညာပေးရန်၊  ဓာတ်မြေ ဩဇာနှုန်းထား   အမျိုးမျိုးတို့ကို   သုတေသနပြု၍ ဆီသီးခိုင်အထွက် အကောင်းဆုံး ရရှိစေရေးအတွက် ဆီအုန်းစိုက်ခင်းများတွင်       ထည့်သွင်းသင့်သော မြေဩဇာနှုန်းထားများ ထောက်ပံ့ပေးရန်၊ ဆီအုန်း နှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု နည်းပညာပြန့်ပွား ရေးအတွက်  တောင်သူများ  လက်တွေ့အသုံးချနိုင် မည့် နည်းပညာသင်တန်းနှင့်  ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်၊   ရေ မြေဒေသနှင့်    ကိုက်ညီသော အထွက်ကောင်းမျိုးကောင်းမျိုးသန့်များ  အသုံးပြု စိုက်ပျိုးရေး၊ လိုအပ်သော သွင်းအားစုများ အချိန်မီ အချိုးအစားမှန်ကန်စွာ ထည့်သွင်းနိုင်ရေး အပါအဝင် မျိုး၊ မြေ၊ ရေ၊ နည်းပညာ လိုအပ်ချက်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဥယျာဉ်ခြံရှင် တောင်သူများကို   အမယ်သစ် သီးနှံ ကော်ဖီပျိုးပင် ၂၀၀၀၀ (အ‌ပေါ်ပုံ)၊   ကိုကိုးပျိုးပင်    ၁၀၀၀၀နှင့် စုစုပေါင်း ငွေကျပ် ၁၅၅  သိန်းတန်ဖိုးရှိ   သဘာဝ မြေဩဇာများ ထောက်ပံ့ပေးအပ်သည်။
 နှစ်ရှည် သီးနှံများအကြား ကိုကိုးနှင့်  ကော်ဖီ သီးနှံကို ကြားသီးနှံအဖြစ် စိုက်ပျိုးခြင်းဖြင့် တောင်သူ များ  အပိုဝင်ငွေ   ရရှိနိုင်ကြစေရန်နှင့်   မြေလွတ်၊ မြေလပ်မကျန် စိုက်ပျိုးနိုင်ခြင်းကြောင့် မြေအသုံးချမှု ပိုမိုတိုးတက်လာပြီး သီးနှံစိုက်စွမ်းအားများ တိုးတက် လာနိုင်စေရန်  ရည်ရွယ်၍   ယခုကဲ့သို့  အမယ်သစ် သီးနှံပျိုးပင်များ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း  သိရ သည်။
တနင်္သာရီတိုင်းဒေသကြီး၏ ဆီအုန်းစိုက်ပျိုး ထုတ်လုပ်မှုမှာ  ယခုနှစ်  ဖေဖော်ဝါရီလကုန်အထိ စာရင်းများအရ ဆီအုန်းစိုက်ဧရိယာ ၃၉၅၇၂၁ ဧကရှိ ပြီး အသီးခူးယူနိုင်မှု ၁၈၃၈၂၁ ဧကရှိကြောင်း၊ ဆီသီး ခိုင်စုစုပေါင်း ၈၆၁၅၄၄ တန် ထွက်ရှိခဲ့သဖြင့် ဒေသ တွင်းနိုင်ငံများကဲ့သို့ တစ်ဧက ဆီသီးခိုင် အထွက်နှုန်း မြင့်မားလာစေရေးနှင့်   ရော်ဘာနှင့်အခြားနှစ်ရှည်ပင် ဥယျာဉ်ခြံသီးနှံများ၊   ရာသီသီးနှံများ၏   စိုက်ပျိုး ထုတ်လုပ်မှု    မြှင့်တင်နိုင်ရေးအတွက်  သုသေတန လုပ်ငန်းများ      တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ 
ယင်းနောက်  ပြည်ထောင်စုဝန်ကြီးသည်  OK ရတနာ အဆင့်မြင့်ဆန်စက်အတွင်း ဒေသထွက်စပါး များ ဝယ်ယူစုပုံထားရှိမှု၊  အခြောက်ခံမှု၊   ကြိတ်ခွဲ သန့်စင်ခြင်းနှင့် ဖြန့်ဖြူးရောင်းချရန် ဆောင်ရွက်နေ မှု၊  စပါးခွံအသုံးပြု၍ တစ်နေ့လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်   ၆၀၀  ထုတ်လုပ်ပြီး ဆန်စက်လည်ပတ် အသုံးပြုနေမှုတို့ကို ကြည့်ရှုအားပေးသည်။ 
ထို့အတူ    မြိတ်မြို့   ရှမ်းချောင်းကျေးရွာရှိ ဖိုးလမင်းရောင်းဝယ်ရေး    ကုမ္ပဏီလီမိတက်နှင့် ဖိုးလမင်း ရော်ဘာစက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက် မှိုင်းခံရော်ဘာ   ထုတ်လုပ်ရေးစက်ရုံ၌  ရော်ဘာ နေလှန်းပြား ကုန်ကြမ်းဝယ်ယူပြီး ကုန်ချောအဆင့် ဆင့် ထုတ်လုပ်ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင်    ပြည်ထောင်စုဝန်ကြီးသည်  မြိတ်မြို့ Grand Jade Hotel ခန်းမ၌ ကျင်းပပြု လုပ်သည့်    ဆီအုန်းစိုက်ဧရိယာများ   တစ်ဧက အထွက်နှုန်း တိုးတက်ရေးနှင့်  သီးနှံအရည်အသွေး များ    တိုးတက်စေရေး     ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ပြီး ရော်ဘာနှင့် ဆီအုန်းစိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့်   တွေ့ဆုံကာ   ဆီအုန်းတစ်ဧက အထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် အသီးခူး ဧရိယာ အပြည့်အဝ  အသီးခူးနိုင်ရေး၊   ကုန်ထုတ် လုပ်ငန်းများ အပြည့်အဝဆောင်ရွက်ရေး၊ ထိန်းသိမ်း ခြင်းလုပ်ငန်းများ  စံချိန်မီဆောင်ရွက်ရေး၊  ခူးယူပြီး သော ဆီသီးခိုင်များ စက်ရုံသို့အချိန်မီရောက်ရှိရေး လုပ်ငန်းများကို ဆီအုန်းကုမ္ပဏီများနှင့် စည်းရုံးပညာ ပေး ဆောင်ရွက်ရန်လိုကြောင်း။ 
ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံရေးနှင့်  ပြည်ပမှ ဆီတင်သွင်းမှု လျှော့ချရေးအတွက် ဆီအုန်းစိုက်ဧက များ တိုးချဲ့ခြင်း၊ တစ်ဧက အထွက်နှုန်းတိုးတက်ရေးတို့ အတွက် ကြိုးစားဆောင်ရွက်ခြင်းတို့ကို အလေးထားလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊    ဆီအုန်းမှာ အနည်းဆုံး နှစ်(၃ဝ၊ ၄ဝ) ခန့် စိုက်ပျိုးရသည့် နှစ်ရှည် ပင်ဖြစ်သည့်အတွက်   စိုက်ပျိုးဖြစ်ထွန်းနိုင်မှုမရှိပါ က    မြေအလဟဿဆုံးရှုံးမှုမရှိစေရေး   ဆက်လက် ဆောင်ရွက်ခြင်းမပြုရန်         နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ထားရှိမှုနှင့်စပ်လျဉ်း၍ မြိတ်မြောက်ဘက် ခြမ်း၊ ပုလောမြို့နယ် အထက်ပိုင်းရှိ သက်တမ်းလွန် ဆီအုန်းစိုက်   ဧရိယာများတွင်   ရော်ဘာ၊   ကိုကိုး၊ ကော်ဖီစသည့်  သီးနှံများပြောင်းလဲစိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ   အဆိုပါ   ဒေသများ၌ ရော်ဘာ၊ ကိုကိုးစိုက်ဧရိယာများ  တိုးတက်လာပြီး လုပ်ကွက်ငယ်တောင်သူများ၏    လူမှုစီးပွားဘဝ တိုးတက်လာရေး ပူးပေါင်းကြိုးပမ်းကြရန် တိုက်တွန်း ပါကြောင်း  ဆွေးနွေးပြောကြားပြီး   လုပ်ငန်းရှင်များ ၏    လုပ်ငန်းလိုအပ်ချက်များကို    ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်