
ကန်ကြီးထောင့် ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာ၌ မတ် ၂ ရက်တွင် ကျင်းပမည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် ပြသရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင် ဆင်ဆောင်ရွက်ထားသည့် သီးပင်စားပင်များ၊ သစ်ပင်ပန်းမန်များနှင့် အခမ်းအနားပြုလုပ်မည့် နေရာတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက်က ကြည့်ရှုကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးဒူးကျေးရွာသို့ရောက်ရှိပြီး တောင်သူ လယ်သမားနေ့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေ များနှင့် အခမ်းအနားကျင်းပပြုလုပ်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ် ကားလမ်းမိုင်တိုင် ၉၆/၅ နှင့် ၁၀၆/၅ တွင် လမ်းဦးစီးဌာနမှ ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းနေမှုအား ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် အလယ်ကုန်းကျေးရွာဝိသုဒ္ဒါရုံဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကိုဗစ်-၁၉ စင်တာအဖြစ် ဆောင်ရွက်ထားရှိသည့်နေရာကိုကြည့်ရှုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။
လှမင်းထွဋ် (ပြန်/ဆက်)