တောင်သူလယ်သမားကြီးများ၏ လယ်ယာစီးပွားလုပ်ငန်းရှင် စိတ်ဓာတ်အပြည့်အဝဖြင့် ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြု မြန်မာ့လယ်ယာကဏ္ဍတွင် လယ်ယာသားငါးကုန်ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုကို အရှိန်မပျက်ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရ

 

နေပြည်တော်   အောက်တိုဘာ   ၁၆


၂၀၂၁ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ်အခမ်းအနားကို   ယနေ့  နံနက်   ၉  နာရီခွဲတွင် နေပြည်တော်ရှိ   စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့    ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုးနှင့် ဦးခင်မောင်ရီ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင် နိုင်၊ ဒုတိယဝန်ကြီး    ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး  သံတမန်များ၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့်    စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)  ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ    တာဝန်ရှိသူများ၊   ဗဟို သမဝါယမအသင်းလီမိတက်၊ လယ်ယာကုန်ထုတ်နှင့် ကုန်သွယ်မှုသမဝါယမအသင်းများမှ ကိုယ်စားလှယ် များ၊   လယ်ယာကဏ္ဍဆိုင်ရာ  အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊     တောင်သူလယ်သမားများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။


သဝဏ်လွှာ ဖတ်ကြား


အခမ်းအနားတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံမှ  ပေးပို့သည့်   ကမ္ဘာ့ စားနပ်ရိက္ခာနေ့အထိမ်းအမှတ်   သဝဏ်လွှာကို  ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဖတ်ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်   အောက်တိုဘာ ၁၆ ရက်နေ့ ကျရောက်တိုင်း   လူသားတို့အတွက် စားနပ်ရိက္ခာ၏အရေးပါမှုကို သတိမူမိကြစေရန်  “ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day)” အဖြစ် သတ်မှတ်ကျင်းပကြလျက်ရှိရာ ယခုနှစ်တွင် ကုလ သမဂ္ဂစားနပ်ရိက္ခာနှင့်    စိုက်ပျိုးရေးအဖွဲ့ (FAO) ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၇၆)  ကြိမ်မြောက် အထိမ်းအမှတ်နှင့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ကျင်းပမှု (၄၁)နှစ်မြောက်ဖြစ်ပြီး     မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနား ကျင်းပရာတွင် နှစ်စဉ်ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း။
ယခု ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day) ဆောင်ပုဒ်ဖြစ် သည့် “Our Actions are our future. Better production, better nutrition, a better environment and a better life.”  “Our Actions are our future. Better production, better nutrition, a better environment and a better life.” “ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များ သည် ကျွန်ုပ်တို့၏ အနာဂတ်၊ ပိုမိုကောင်းမွန်သော ထုတ်လုပ်မှု၊ အာဟာရ၊ သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘဝ” ဆိုသည့် “ကောင်း (၄) ကောင်း” (Four Betters) နှင့်အညီ   စားနပ်ရိက္ခာထုတ်လုပ်မှုစနစ် များကို ပြောင်းလဲဆောင်ရွက်ရန်မှာ    မဖြစ်မနေ ဆောင်ရွက်ရမည့် အရေးကြီး တာဝန်ဖြစ်ကြောင်းကို အလေးအနက် ပြောကြားလိုပါကြောင်း။ 

 


အသိအမှတ်ပြုဂုဏ်ပြု


မြန်မာနိုင်ငံအနေဖြင့်လည်း အခြားကမ္ဘာ့နိုင်ငံ များနည်းတူ    ရာသီဥတုပြောင်းလဲမှု၊   သဘာဝ ဘေးဒဏ်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်မှုကို ကြုံတွေ့ခံစားနေရပါကြောင်း။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွား၍ အသွားအလာကန့်သတ်မှု ကြောင့်  ထောက်ပံ့မှုလမ်းကြောင်းများ ထိခိုက်ခြင်း၊ သွင်းအားစုပစ္စည်းများရရှိမှု မလုံလောက်ခြင်း စသည့် အခက်အခဲများကြားမှ သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ ကို  အရှိန်အဟုန်မပျက်    ဆက်လက်ဆောင်ရွက် လျက်ရှိကြသည့်  တစ်နိုင်ငံလုံးရှိ စိုက်ပျိုးမွေးမြူသူ တောင်သူလယ်သမားကြီးများ၏   လယ်ယာစီးပွား လုပ်ငန်းရှင် စိတ်ဓာတ်အပြည့်အဝဖြင့်    ကြိုးပမ်း အားထုတ်မှုကို အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း။ 

 


ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မမျှော်မှန်းနိုင်သော   စိန်ခေါ်မှုများရှိသော်လည်း မြန်မာ့လယ်ယာကဏ္ဍတွင်      လယ်ယာသားငါး ကုန်ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုကို အရှိန်မပျက် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆန်   မက်ထရစ်တန် ၂ ဒသမ ၅၈ သန်း၊ ပဲမျိုးစုံ မက်ထရစ်တန် ၁ ဒသမ ၆ သန်း၊ ပြောင်း မက်ထရစ်တန် ၂ ဒသမ ၂ သန်း၊ နှမ်း မက်ထရစ်တန် သုည ဒသမ ၁၇ သန်း၊ ရေထွက်ပစ္စည်း မက်ထရစ်တန် သုည ဒသမ ၆၇ သန်းကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒေသတွင်းနှင့် ကမ္ဘာ့စားနပ် ရိက္ခာလုံခြုံမှုကို ပံ့ပိုးပေးလျက်ရှိပါကြောင်း။ 

 


“ရေရှည်တည်တံ့ခိုင်မြဲသော    စားနပ်ရိက္ခာ ထုတ်လုပ်မှုစနစ်” တွင် အဓိကပါဝင်  ဆောင်ရွက် သူများဖြစ်ကြသည့်    တောင်သူလယ်သမားများ အတွက် ဈေးကွက်ရရှိနိုင်မှု၊ လယ်ယာထုတ်ကုန်များ ထုတ်လုပ်မှုစွမ်းအားနှင့် အရည်အသွေးမြင့်မားရေး အတွက် နည်းပညာလိုအပ်မှု၊ ငွေကြေးအရင်းအနှီး လိုအပ်မှုစသည့်   လိုအပ်ချက်ကြီး   (၃)ချက်ကို ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင် များနှင့် ပူးပေါင်း၍ ထိထိရောက်ရောက်   ပံ့ပိုးပေး လျက်ရှိပါကြောင်း။ 

 


တင်ပို့ရောင်းချ


    မြန်မာနိုင်ငံသည်  စိုက်ပျိုးမွေးမြူရေးကဏ္ဍ ကို တိုးချဲ့ဆောင်ရွက်ရန် အရင်းအမြစ်ကောင်းများ ဖြစ်သော စိုက်ပျိုးမြေနှင့် သဘာဝသစ်တောဧရိယာ များ၊ သဘာဝမြစ်ချောင်းအင်းအိုင်များ၊   ပင်လယ် ကမ်းရိုးတန်းများဖြင့် ပြည့်စုံသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အားလျော်စွာ   ခေတ်အဆက်ဆက်က ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံ၍    အိမ်နီးချင်း နိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများသို့ စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝသစ်တောထွက်ကုန်များကို တင်ပို့ရောင်းချ နိုင်ခဲ့ခြင်းကြောင့် စားနပ်ရိက္ခာ ပင်မထုတ်လုပ်သည့် နိုင်ငံအဖြစ် အစဉ်အလာရှိသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါကြောင်း။ 

 


    မြန်မာနိုင်ငံအနေဖြင့်   နိုင်ငံတော်အစိုးရက ချမှတ်ထားသည့်   စီးပွားရေးဦးတည်ချက်နှင့်အညီ စားနပ်ရိက္ခာဖူလုံရေး၊ လူတစ်ဦးချင်း ဝင်ငွေတိုးတက် ရေးနှင့် ဒေသအချင်းချင်းကြား၊    ဆင်းရဲချမ်းသာ ကွာဟမှု  ကျဉ်မြောင်းရေးကို   အလေးထားသည့် မူဝါဒကို ကျင့်သုံးလျက်ရှိရာ ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ဆောင်ပုဒ်သည် မိမိတို့ ကျင့်သုံးလျက်ရှိ သည့် မူဝါဒနှင့်လည်း လျော်ညီသည့်အတွက်   ပိုမို ကောင်းမွန်သောထုတ်လုပ်မှု၊ ပိုမိုကောင်းမွန်သော အာဟာရ၊ ပိုမိုကောင်းမွန်သော သဘာဝပတ်ဝန်း ကျင်နှင့် ပိုမိုကောင်းမွန်သော လူနေမှုဘဝများ ရရှိ လာအောင် လက်တွဲကြိုးပမ်းကြပါရန်  တိုက်တွန်း ပါကြောင်း ပြောကြားသည်။ 

 


ယင်းနောက်     ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)  ညွှန်ကြားရေးမှူးချုပ်၏ World Food Day 2021 Video Message နှင့် စားနပ် ရိက္ခာနှင့်    အာဟာရဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုတို့ကိုပြသပြီး     အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။            

 သတင်းစဉ်