
* စပါးပေါ်ချိန် ငွေပေါ်ချိန်ဆို
တစ်ချိန်တုန်းက သူ့ဘဝသည်
လှပသာယာ ရှိခဲ့ပါ၏ ။
* သို့သော် ခုခါ သဘာဝဘေး
မလွတ်သေး၍ ငေးမောရင်မှာ
တွေးစရာနဲ့ ခံသာမချိ
ဖြစ်ရဘိ၏ သူ၏ထွက်ကုန်
တောင်လိုပုံလည်း စျေးကုန်မရ
ဝယ်လက်ကျ၍ တွေ့ရအရှုံး ပေါ်ခဲ့ပြီ။
* လယ်သမားနော် သူတို့ပျော်မှ
တိုင်းနော်ပြည်ရေး တကယ်အေးလိမ့်
သူ့အရေးဘဝ အောက်တန်းကျက
နိမ့်ရပြည်ရွာ စည်မသာနိုင်
မဏ္ဍိုင်ပြုထား လယ်သမားတို့
ထွက်အားကောင်းကောင်း သူ့ကုန်ရောင်းမှ
လှူရရင်သွေး သားငယ်ထွေးကို
မနှေးသွတ်သွင်း သာသနာတွင်းသို့
ဝမ်းတွင်းကြည်သာ မင်္ဂလာအပေါင်း
ခဝပ်ညောင်းလိမ့်။
* ဪ- သို့မှသာလျှင် သူတို့ဘဝင်၌
ပျော်ရွှင်ချမ်းသာ ပြည်လည်းသာလိမ့်
မှတ်ပါမနှေး တောင်သူ့အရေးကို
အားပေးထောက်ရှု ဂရုပြုလော့။ ။
(မတ်လ ၂ ရက်နေ့တွင် ကျရောက်မည့်
တောင်သူလယ်သမားနေ့ကိုဂုဏ်ပြုလျက်- )
ဘိုမျိုး (ရွှေဘို)