
မန္တလေး အောက်တိုဘာ ၃၁
မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် တောင်သမန် ဦးပိန် တံတားတွင် အောက်တိုဘာ ၂၉ ရက်က လာရောက်လည်ပတ်သူများပြားမှုကြောင့် အခန်းအမှတ် ၃၃၉ နင့် ၃၄၀ နှစ်ခန်းမှာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က ကျိုးကျခဲ့ သဖြင့် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)က ပြင်ဆင်မှုများ ကို အောက်တိုဘာ ၃၀ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ (အောက်ပုံ) သုံးရက်အတွင်း ပြီးစီးမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါတံတားသည် နှစ်ပေါင်း ၁၇၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့် အပြင် ဖြစ်ပွားသည့်နေ့မှာ သီတင်း ကျွတ် လပြည့်နေ့ဖြစ်၍ လာရောက် သူများပြားသဖြင့် ကျိုးကျခဲ့ခြင်း ဖြစ်ကြောင်း ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန (မန္တလေးဌာနခွဲ)မှ တာဝန် ရှိသူက ပြောသည်။
“ဌာနအနေနဲ့ ရှေးဟောင်း ယဉ်ကျေးမှုနဲ့အညီ ထိန်းသိမ်းမှု တွေ ဆောင်ရွက်ပါတယ်။ အောက်တိုဘာ ၂၉ ရက်က လာရောက်လည်ပတ်သူ များပြား လွန်းရာက ကျိုးသွားခဲ့တာပါ။ ကျိုးခဲ့တဲ့ တံတားအခန်း တစ်ခန်း က ရှစ်ပေကျယ် အခန်း နှစ်ခန်းဖြစ် ပြီး သုံးခန်းအထိ ပြင်ဆင်မှုတွေ လုပ်သွားမှာပါ။ တိုင်ကို ငါးပေ အနက် စိုက်ထူထားပါတယ်။ ဒီနေ့မှာ တံတားတိုင်အသစ် နှစ်တိုင်ထူပြီးသွားပြီ။ ပြင်ဆင်မှု လုပ်ငန်းကြာချိန် သုံးရက် ဖြစ်ပါတယ်” ဟု ၎င်းက ပြော သည်။
ရှေးဟောင်းကျွန်းတံတားဖြစ် သည်နှင့်အညီ ကျွန်းတိုင်များဖြင့် အစားထိုး လဲလှယ်ပြင်ဆင်ခြင်း ဖြစ်ပြီး အရှည် ၂၅ ပေရှိ တံတား တိုင်များဖြစ်၍ တိုင်များကို မြေ၀င် ငါးပေနစ်မြုပ်၍ စိုက်ထူထားသည့် အပြင် ရက်မများ၊ ဆင့်များနှင့် ကြမ်းခင်းများကိုလည်း အသစ် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ပြင်ဆင်မှုလုပ်ငန်းများ အား၊ တောင်သမန်ငှက်လှေအဖွဲ့ နှင့် ဒေသခံများက ပါဝင်ကူညီ ဆောင်ရွက်ကြောင်း သိရသည်။
“မြို့စာရေးဦးပိန် တည် ဆောက်လို့ ဦးပိန်တံတား၊ တောင် သမန်အင်းကိုဖြတ်ထားလို့ တောင် သမန်တံတားလို့လည်း ခေါ်ပါ တယ်။ အခါကြီး ရက်ကြီးနဲ့ ရုံးပိတ်ရက်တွေမှာ ပုံမှန်ချိန် ထက် စည်ကားပါတယ်။ တံတား ကြီး ရေရှည်တည်တံ့ဖို့အတွက် လာရောက်လည်ပတ်တဲ့သူတွေ အနေနဲ့ ဝိုင်းဝန်းပြီး ထိန်းသိမ်းဖို့ လည်း လိုပါတယ်” ဟု မန္တလေး ဌာနခွဲလက်အောက်ရှိ အမရပူရ၊ ဗားကရာ ဌာနစိတ်တာဝန်ခံက ပြောသည်။
တောင်သမန် ဦးပိန်တံတားကို အမရပူရခေတ်၊ ပုဂံမင်းလက်ထက် မြန်မာနှစ် ၁၂၁၁ ခုနှစ်က တံတား တည်ဆောက်ခဲ့ခြင်းဖြစ်ရာ တိုင် ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်းရှိပြီး တံတားအရှည်မှာ ၃၉၆၇ ပေရှိ၍ တံတားကြီးမှာ နှစ်ပေါင်း ၁၇၀ ကျော်ပြီဖြစ်ကာ တည်ဆောက်ချိန် နှစ်နှစ်ကြာမြင့် ခဲ့ကြောင်း သိရသည်။
မောင်အေးချမ်း